မြန်မာနိုင်ငံရဲ့ ထိပ်တန်း Hip Hop အဖွဲ့တစ်ဖွဲ့ဖြစ်သော Snare အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဖြိုးလေးကတော့ လက်ရှိမှာ “ ဘာတွေဖြစ် ” ဆိုတဲ့ တေးစီးရီးသစ်ထွက်ရှိထားတာပါပဲ ဖြစ်ပါတယ်။ ဒီအခွေလေးဟာ လတ်တလောမှာတော့ ပရိသတ်တွေရဲ့ကြားမှာရေပန်းစားလျက်ရှိပြီး လူကြိုက်များနေတာပဲ ဖြစ်ပါတယ်။ 

အဆိုတော် ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့ဇနီးမောင်နှံ့လေးကတော့ လူငယ်ပရိသတ်တွေကြားအရမ်းကိုရေပန်းစားတဲ့ အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။ချစ်သူသက်တမ်းသုံးနှစ်ကျော်လာခဲ့ပြီဖြစ်တဲ့သူတို့စုံတွဲလေးကတော့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်တဲ့ တကယ့်ကို ပျော်စရာကောင်းတဲ့စုံတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ဝါသနာလည်း အလုပ်လည်းတဲ့ပြီး စိတ်တူကိုယ်တူချစ်သူတွေဖြစ်တာကြောင့် မကြာခဏခရီးတွေသွားပြီး ပျော်စရာကောင်းတဲ့ ချစ်သက်အမှတ်တရတွေဖန်တီးနေခဲ့တာပဲ ဖြစ်ပါတယ်။နှစ်ယောက်လုံးလည်း အရမ်းကိုပျော်ရွှင်နေကြပြီး စိတ်လွတ်လက်လွတ်ပျော်ရွှင်စွာ ခရီးထွက်နေကြကာ တစ်ယောက်နဲ့တစ်ယောက်အပေါ်ပဲ အပြည့်အဝဂရုစိုက်မှုတွေအချစ်တွေပေးနေကြတာပဲ ဖြစ်ပါတယ်။ 

ဒီနေ့လေးကတော့ အဆိုတော်ဖြိုးလေးရဲ့မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဖြိုးလေးတို့အတွဲလေးဟာ လက်ရှိမှာ ငပလီကမ်းခြေကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူလေးကတော့ ဖြိုးလေးရဲ့မွေးနေ့အတွက် ညထဲကဟိုတယ်ဝန်ထမ်းတွေနဲ့ ဖြိုးလေးကို Surprise လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ အဆိုတော်ဖြိုးလေးလည်း ဒီနှစ်မွေးနေ့လေးမှစပြီး နောက်နှစ်ပေါင်းများစွာတိုင် ဂီတလမ်းကြောင်းမှာ အောင်မြင်မှုများစွာနဲ့ရရှိပိုင်ဆိုင်ပြီး ချစ်ရတဲ့ဝါဆိုနဲ့တစ်သက်လုံးပျော်ပျော်ရွှင်ရွှင် ချစ်ခရီးလမ်းလေးသာယာနိုင်ပါစေလို့ Myanmarload မိသားစုကဆုတောင်းပေးလိုက်ပါတယ်နော်။

Source - Phyo Layy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။