ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ထိပ်တန်းမင်းသားချောနေတိုးကတော့ ကျရာဇာတ်ရုပ်တွေကို ကျွမ်းကျွမ်းကျင်ကျင်ပီပီပြင်ပြင် သရုပ်ဆောင်နိုင်လွန်းသူပဲ ဖြစ်ပါတယ်နော်..။

ဇာတ်ရုပ်ကာရိုက်တာတွေကို ပရိသတ်တွေအံ့သြသွားလောက်အောင် အမြဲလုပ်ဆောင်နိုင်တဲ့ နေတိုးတစ်ယောက်ကတော့ “တာတူး” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်တွေရဲ့တခဲနက်အားပေးမှုတွေနဲ့ ချီးကျူးမှုတွေကိုပါ ရရှိထားတာ တွေ့ရပါတယ်..။

လတ်တလောမှာ ရုံတင်ပြသနေတဲ့ “တာတူး” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ကာရိုက်တာနှစ်မျိုးနဲ့မြင်တွေ့ရပြီး မိန်းမလျာဇာတ်ရုပ်ကိုလည်း သူမတူတဲ့သရုပ်ဆောင်စွမ်းရည်တွေနဲ့ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့်လည်း ပရိသတ်တွေကြား မတ်မတ်ဆိုပြီး စနောက်ခံနေရလောက်အောင် ရေပန်းစားနေတာ တွေ့ရပါတယ်နော်..။

ပရိသတ်တွေရဲ့ တခဲနက်အားပေးကြမ်းမှုတွေကြောင့် အောင်မြင်နေတဲ့ “တာတူး” ရုပ်ရှင်ဇာတ်ကားကြီးထဲက မိန်းမလျာဇာတ်ရုပ်ရဲ့ ရိုက်ကွင်းနောက်ကွယ်က ကြိုးစားပေးထားကြတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း နေတိုးက ပြန်လည်မျှဝေထားပါသေးတယ်နော်..။

“တာတူးဖြစ်လာဖို့နောက်ကွယ်မှကြိုးစားပေးခဲ့ကြသူများ ... ပရိသတ်များအတွက် ထာဝရ... နေတိုး..” ဆိုပြီး ပရိသတ်တွေရဲ့ အားပေးကြမ်းမှုတွေကြောင့် ရိုက်ကွင်းပေါ်က အပြင်အဆင်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးထားတာပဲ ဖြစ်ပါတယ်နော်..။

အူတတ်အောင် ခွီးနေရမယ့် အသည်းကျော်မင်းသားချောနေတိုးရဲ့ “တာတူး” ရုပ်ရှင်ဇာတ်ကားကြီးကို မကြည့်ရသေးတဲ့ ချစ်ပရိသတ်တွေကိုလည်း ကြည့်ဖြစ်အောင် သွားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။

Photo - နေတိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။