ကိုရီးယားမင်းသားလေးလို ချောမွေ့နုဖတ်တဲ့ အသားအရေနဲ့ ရင်ခုန်ချင်စရာ ပုံစံလေးကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ဖြစ်နေတဲ့ မင်းသားဇေရဲထက်တစ်ယောက် ရေကြည်မြို့ကဖျော်ဖြေပွဲတစ်ခုကို သွားရောက်နေစဉ်မှာပဲ လေယာဉ်ချိန်အခက်အခဲကြောင့် အနည်းငယ် နောက်ကျ မယ့်အကြောင်းကို ပွဲကန်ထရိုက်ကို ဖုန်းဆက်ပြီးအကြောင်းကြားရ မှာတော့ " လာချင်လာ မလာချင်နေ လုံခြုံရေးတာဝန်မယူဘူး " ဆိုတဲ့ ခပ်ရင့်ရင့် စကား အသုံးအနှုန်းတွေနဲ့ တုန့်ပြန်ခံလိုက်ရတာပဲဖြစ်ပါတယ်။

အနုပညာရှင်ဟာ ချစ်တဲ့သူရှိသလို မုန်းတဲ့သူလည်းရှိတာမို့ အားလုံးနဲ့အဆင်ပြေအောင် နေနေပေမယ့် တစ်ခါတလေမှာတော့ ဒီလိုစော်ကားမော် ကား ပြောတာတွေလည်း ကြုံတွေ့ တတ်ကြပါတယ်။ အနုပညာသမားပေမယ့်လူပဲမို့ ဒီလိုပြောဆိုတဲ့ ရင့်ရင့်သီးသီးစကားအသုံး အနှုန်းကြောင့် ဇေရဲထက်တစ်ယောက် ရေကြည်ပွဲကိုဖျော်ဖြေမယ့်အစီအစဉ်ကို ဖျက်လိုက် တာပဲဖြစ်ပါတယ်။ လူတိုင်းမှာ မာနဆိုတာရှိတာမို့ ကိုယ့်မာနကို ထိပါးလာရင်တော့ ဘယ်သူမှ သည်းခံကြမှာမဟုတ်ပါဘူး။

ဒီဖြစ်စဉ်အစအဆုံးကို " ရောက်ရှိကြောင်းရန်ကုန်သို့ ပွဲကိုလာရင် အချိန်မှီရက်နဲ့ ပြသာနာ လာရှာပြီး ပြည်သူနဲ့မင်းသားကြား ပဠိပခ လုပ်တာတော့လွန်ပါတယ် အခုက ပွဲစီစဉ်သူ အားနားလို့ ဘာမှမပြောတော့တားး ကန်ထရိုတ်ထွက်ပြေးလို့ ဆိုပြီးတပြားမှ မရခဲ့တာ လည်းရှိတယ်းးနားလည်ပေးတယ်းးး မိုးရွာလို့ ပွဲမဖြစ်လို့ မြစ်ကြီးနားရောက်ပြီး စရံပြန်ပေးခဲ့ တာလည်းရှိတယ်(တကယ်ဆို ပေးစရာမလိုပါ ပြန်ပေးတာက စီးပွားရေးလုပ်သူချင်း ကိုယ်ချင်းစာလို့ပါ)အခုဟာက သက်သက်ကြီးကို ပွဲစီစဉ်သူကိုညစ်တာ ကြားထဲက ငထွား ဇေရဲထက် ကြားညုပ်တော့မခံဘူး သူတို့နှစ်ယောက်ကိုပဲ ဒဲ့တွေ့ျပးလိုက်တယ် ပွဲစီစဉ်သူက လည်း ရောက်ရှိအောင်ကျနော့်ကို ပို့ပေးပါရဲ့ အချိန်လေးကိုပရိသတ်ကို နောက်ကျခဲ့ ရင်ခွင့်လွှတ်ဖို့ ပြောထားပေးပါလို့ပြောတာကို ပွဲစီစဉ်သူ(မရှိတဲ့လူ)ကိုပြသာနာရှာလို့ ကြားထဲက ဝင်ပြောပေးတာကို လာမယ်လို့ပြောပေးတယ် လှုံခြုံရေးတာဝန်မယူဘူးဆိုတော့ ကျနော်မလာနိုင်ဘူးပေါ့ဗျာ အတ္တ လောဘ ကိုရှေ့တန်းတင်ပြီး လာတော့ မမိုက်နဲ့ဗျို့း ကြားထဲက ရေကြည်ပရိသတ် ကိုပဲအကြိမ်ကြိမ်အခါခါ တောင်းကန်ကန်တော့ပါ၏ " ဆိုပြီး ဇေရဲထက်က သူ့ပရိသတ်တွေကို တောင်းပန်လိုက်တာပဲဖြစ်ပါတယ်။

Photo - Zay Ye Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။