အခုအချိန်မှာဆိုရင် ဓာတ်ပုံမော်ဒယ်မလေးအဖြစ်ကနေပြီးတော့ သရုပ်ဆောင်အနုပညာလောကထဲကို တဖြည်းဖြည်းဝင်ရောက်လာခဲ့တဲ့ အရုပ်မလေး အိမ့်ထရက်သျှာဆိုတာ ပရိတ်သတ်ကြီးရဲ့ အသည်းကျော်လေးပါပဲနော်။စကားကို လျှာပါးပါးလေးနဲ့ သွက်သွက်ကလေးပြောတတ်ပြီးတော့ မေ့စေ့ချွန်ချွန် မျက်လုံးဝိုင်းဝိုင်းလေးနဲ့ အရမ်းကိုပဲ ချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိတ်သတ်တွေ သဲသဲလှုပ်အချစ်ပိုနေခဲ့ရသူလေးပါပဲနော်။

သူမဟာ အရုပ်မလေးအလားလို့ထင်မှတ်ရလောက်တဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ညှို့အားပြင်းတဲ့ အမိုက်စား ခန္ဓာကိုယ်လေးရဲ့ပိုင်ရှင်လေးလည်းဖြစ်ပါတယ်နော်။ ဒါ့အပြင် အသံချိုချိုလေးတွေနဲ့ ပရိတ်သတ်တွေရဲ့ သောတအာရုံကို သိမ်းပိုက်နိုင်စွမ်းရှိသူလေးဖြစ်ပြီး လူငယ်ကြိုက်တေးသီချင်းလေးတွေကို အမိုက်စား သီဆိုတတ်တဲ့ အဆိုတော်မလေးလည်းဖြစ်ပါတယ်နော်။

လတ်တလောမှာတော့ သူမဟာခရီးလေးတွေထွက်ဖြစ်နေပြီးတော့ အခုတစ်ခါမှာလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်အပတ်ရောက်ရှိနေခဲ့ပြန်ပါပြီနော်။ခရီးတွေသွားရတာ အရမ်းဝါသနာပါတဲ့ သူမဟာ ခရီးလေးတွေသွားတိုင်းလည်း သူမရဲ့ ချစ်ပရိတ်သတ်တွေအတွက် ခရီးသွားပုံရိပ်လေးတွေကိုမျှဝေပေးနေကျပါပဲနော်။ အခုလည်း ဘန်ကောက်ရောက်တုန်းလည်း မြို့ထဲမှာလျှောက်လည်းရင်း မုန့်တွေစားနေရင်းနဲ့ ပျော်ရွှင်ွစွာရိုက်ထားတဲ့ သူမရဲ့ ချစ်ဖို့ကောင်းတဲ့ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက်တင်ပေးထားတာကိုတွေ့ရပါတယ်။ ကဲ...ပရိတ်သတ်တွေအတွက်လည်း ခရီးသွားရင်း သူမရိုက်ထားတဲ့ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Source : Eaint Treasure

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။