သုသုလို့ အားလုံးက ချစ်စနိုးလေးခေါ်ကြတဲ့ သရုပ်ောဆင်အကယ်ဒမီမင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အချစ်တော် မင်းသမီးချောတစ်ဦးပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ခင်ပွန်းဖြစ်သူဒါရိုက်တာဏကြီးနဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကိုလည်း ပိုင်ဆိုင်ထားပြီး ပျော်ရွှင်တဲ့ မိသားစုလေးကိုလည်း ဖြတ်သန်းနေသူလေးလည်း ဖြစ်ပါတယ်နော်..။

ပရိသတ်အချစ်တော် သုသုလေးတစ်ယောက်ကတော့ ချစ်ရတဲ့ သူမရဲ့တစ်ဦးတည်းသော ချစ်ညီမလေးကို သတိရလွမ်းနေတဲ့ အကြောင်းလေးကိုလည်း ဟာသလေးနှောပြီး ချစ်စနိုးလေး စနောက်ကာ ပြောပြထားပါတယ်နော်..။

အမေရိကန်မှာ ကျောင်းတတ်နေတဲ့ တစ်ဦးတည်းသော ချစ်ညီမလေးဖြစ်တဲ့ ကောက်တေးရစ်စိန်လေး နိုင်ဖြိုးဦးနဲ့ ခွာခွဲနေရတာကြာပြီမို့ သတိရလွမ်းနေတဲ့အကြောင်းလေးကို ချစ်စဖွယ်လေး စနောက်ပြီး ပြောပြထားတာ ဖြစ်တာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာ တွေ့ရပါတယ်နော်..။

“သြော်.... ဘာလိုလိုနဲ့ ဒီကောက်တေးရစ်စိန်ဂျပုတစ်ကောင်ရဲ့ ဂျီကျစိတ်ကောက်ပူဆာခြင်းများနဲ့ဝေးနေတာ ကြာပါပေါ့လား !!!!

အမေရိကန်ပြည်ကြီးမှာအခြေကျနေပြီဆိုတော့ ငါအမေရိကန်ပြည်သူပြည်သားတွေကိုသနားလိုက်တာ နဥရယ်..” ဆိုပြီး သုသုလေးက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားထားတာ ဖြစ်ပါတယ်နော်..။

ညီမလေးရဲ့ ဓာတ်ပုံဟောင်းလေးကိုလည်း အလွမ်းပြေလေးတင်ရင်း ရေးသားပြောထားတာမို့ အဲ့ဒီပို့စ်အောက်မှာ ပရိသတ်တွေကလည်း ချစ်မလေးကို လွမ်းနေတဲ့ အစ်မတစ်ယောက်ရဲ့ စိတ်လေးကို မြင်နေရတယ်ဆိုပြီး Comment လေးတွေမှာလည်း ရေးသားပြောထားကြတာ တွေ့ရပါတယ်နော်..။

Photo - ပိုင်ဖြိုးသု၊ နိုင်ဖြိုးဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။