ပရိသတ်ကြီးရေ.. အနုပညာလောကမှာ MRTV-4 ရုပ်သံဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားကြတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသမီးချောလေး ခြူးကလည်း အပါအဝင်ပါပဲ။ပရိသတ်တွေရဲ့အသည်းကျော် ခြူးလေးကတော့ အောင်မြင်တဲ့ အနုပညာရှင်မင်းသမီးချောလေး တစ်ဦးဖြစ်သလို သူမရဲ့အနုပညာကြေးငွေလေးတွေနဲ့လည်း တတ်နိုင်သလောက် မကြာခဏလှူဒါန်းမှုလေးတွေ ပြုလုပ်လေ့ရှိသူလေးလည်း ဖြစ်ပါတယ်နော်။

သူမဟာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတာဖြစ်ပြီး အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူမရဲ့ ဖေ့ဘွတ်ပေါ်တွင်ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။MRTV -4 မှာရိုက်ကူးတဲ့ ဇာတ်လမ်းတွဲတွေကို မပြတ်ရိုက်ကူးရသူလည်းဖြစ်ပြီး သရုပ်ဆောင်ပီပြင်လှသူ လည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ ဂန့်ဂေါ မြို့လေးမှာ သွားရောက်သီဆိုဖျော်ဖြေခဲ့တဲ့ အမှတ်တရ ဗီဒီယိုလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

ဗီဒီယိုလေးထဲမှာ ခြူးလေးတစ်ယောက် သီချင်းတွေဆိုသွားတာအရမ်းနားထောင်ကောင်းနေတာလည်း ဖြစ်ပါတယ်။သူရဲ့ tik tok ဗီဒီယိုလေးဟာဆိုရင်လည်း ပရိသတ်တွေကြားမှာ ကြည့်ရူ့သူများပြားနေတာလည်းဖြစ်ပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် ခြူးလေးရဲ့

ဂန့်ဂေါ မြို့လေးမှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Source:Chue Chue

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။