ပရိတ်သတ်ကြီးရေ အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်နေတဲ့ သရုပ်ဆောင်ဝါဆိုမိုးဦးကတော့ အနုပညာလောကထဲမှာ အောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဝါဆိုမိုးဦးကဇာတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့ပြီး ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။သူမရဲ့အပြုအမူအပြောအဆိုလေးတွေကလည်းတစ်မျိုးလေးဆန်းလို့ အရမ်းချစ်စရာကောင်းပါတယ်။

ဝါဆိုမိုးဦးက ခရီးတွေထွက်ရတာကိုလည်းဝါသနာပါပြီး ချစ်ရခင်ရတဲ့သူတွေနဲ့အတူတူ အမြဲတမ်းခရီးတွေထွက်လေ့ရှိပါတယ်။ပျော်ပျော်နေတတ်တဲ့သူမရဲ့အကျင့်စရိုက်လေးကြောင့် ပေါင်းသင်းဆက်ဆံရေးကောင်းပြီးလူချစ်လူခင်ပေါများနေတာပဲဖြစ်ပါတယ်။ဝါဆိုမိုးဦးက ပြေပြစ်လှပတဲ့ချစ်စဖွယ်မျက်နှာလေးရှိတဲအပြင် အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှကိုပိုင်ဆိုင်ထားလို့ ဘာဝတ်စုံပဲဝတ်ဝတ် သူမနဲ့လိုက်ဖတ်ပါတယ်။

မိန်းကလေးတွေအားကျရလောက်တဲ့ body structureကို ပိုင်ဆိုင်ထားလို့ ဝါဆိုမိုးဦးက မိန်းကလေးပရိတ်သတ်တွေလည်းအများအပြားရှိပါတယ်။အခုဆိုရင်တော့ ဝါဆိုက ချစ်သူရဲ့ မွေးနေ့လေးကို Suprise လုပ်ပေးပြီး "Happy birthday အသဲလေး မွေးနေ့မှစ နောင်နှစ်ပေါင်းများစွာ လိုအင်ဆန္ဒတွေပြည့်ဆုံပြီး ပရိတ်သတ်ချစ်တဲ့ အနုပညာရှင်အဖြစ်အမြဲရပ်တည်နိုင်ပါစေ"ဆိုပြီး သူမတို့နှစ်ယောက်ရဲ့ ချစ်ကြည်နူးနေတဲ့ ပုံရိပ်လေးတွေနဲ့အတူ ဆုမွန်ကောင်းလေးတောင်းပေးထားပါတယ်နော်။ 

Source:Warso Moe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။