အနုပညာလောကရဲ့ တကျော့ပြန်ကြယ်ပွင့်လေး မအေးသောင်းတစ်ယောက် သူမရဲ့မြန်မာ ဆန်ဆန်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အမြဲလိုလို မြန်မာဆန်ဆန်လေးတွေဝတ်တတ်ပြီး လှပလွန်းပြီး ကျက်သရေရှိလှတဲ့ လုံးကြီးပေါက် လှခန္ဓာကိုယ်လေး ဟာ ပုရိသတို့ကို ရင်ခုန်စေတဲ့အဓိကအကြောင်းအရင်းပါပဲ။ ရင့်ကျက် လာတဲ့ အလှတရားတွေက အားလုံးရဲ့စိတ်အာရုံကို အပြည့်အဝ ဖမ်းစားနိုင်ခဲ့တာမို့ ကိုကိုတို့ ရဲ့အိပ်မက်နတ် သမီးလေးတစ်ပါဆိုလည်း မမှားပါဘူး။

အနုပညာလောကကို ပြန်လည်ဝင်ရောက်ခဲ့စဉ်မှာပဲ သူမရဲ့အံ့မခန်းသရုပ်ဆောင်ချက်တွေနဲ့ အားလုံးကိုအံ့သြမှင်သက်အောင် လုပ်နိုင်စွမ်းရှိသူ တစ်ယောက်ပါပဲ။ အမဖြစ်သူ နှင်းဝတ်ရည်သောင်းကတော့ အင်္ဂလန်နိုင်ငံမှာပဲ အခြေချနေထိုင်ပြီး သူမတစ်ဦးတည်း ကသာ အနုပညာလောကကို ပြန်လည်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ တစ်ကိုယ်တည်းအပျိုကြီးအဖြစ်နဲ့ ရပ်တည်နေပြီး ချစ်ရတဲ့သူ အကြောင်းကိုတော့ မကြာခဏ ပြောတတ်ပါသေးတယ်။ သူမရဲ့ မင်္ဂလာသတင်းလေးကို လည်းအားလုံးက မျှော်လင့်နေကြ ပါတယ်။

အမြဲလိုလို ကဗျာဆန်ဆန်လေးတွေရေးသားတတ်ပြီး ဒီတစ်ခေါက်မှာတော့ ချစ်သူကို ဂရုစိုက်တဲ့ပုံစံလေးကို ရေးသားထားပြန်ပါတယ် ပရိသတ်ကြီးရေ။ သူမရဲ့မြန်မာဆန်ဆန်ဝတ်စုံ လေးကိုဆင်မြန်းထားတဲ့ ကျက်သရေရှိရှိပုံရိပ်လေးတွေကို "နေပူတယ်နော် ရေများများ သောက် ကိုယ်ကတော့ အားတဲ့ရက်လေးမို့ စာလေးဖတ် အအေးဆိုင်ထိုင် ဖေ့ဖေ့အတွက် အာလူးဟင်းလေးဝယ်ခဲ့သေးတယ်။ " ဆိုပြီး ရေးသားထားတာပဲဖြစ်ပါ တယ်။ အပျိုကြီးတို့ ကတော့ အရမ်းတွေစကားတတ်နေတော့တာပဲနော်။

Photo - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။