ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တွေထဲမှာ "ပုဂံမြို့သူ" ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို သိမ်းပိုက်ဖမ်းစားထားကြတဲ့ သရုပ်ဆောင်မင်းသားချောလေးဒေါင်းနဲ့ မင်းသမီးချောလေး မေမြင့်မိုရ်တို့ကတော့ ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေပါပဲ..။

အနုပညာလောကမှာ ဇာတ်ကားတော်တော်များများနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားကြတဲ့ သူတို့နှစ်ဦးကတော့ ပရိသတ်တွေကိုယ်စီရရှိထားကြသလို အနုပညာအလုပ်တွေကိုလည်း အတူတွဲဖက်လုပ်ဆောင်ဖြစ်နေတာလည်း တွေ့ရပါတယ်နော်..။

မင်းသားချောလေး ဒေါင်းကတော့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အပြည့်အဝသိမ်းပိုက်ထားသလို အေးချမ်းတဲ့အလှပိုင်ရှင် မင်းသမီးချောလေး မေမြင့်မိုရ်ကလည်း ယောကျၤားပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်နော်..။

မင်းသားချောလေး ဒေါင်းကတော့ အရမ်းရှက်တတ်သူပီပီ အခုတစ်ခါမှာလည်း အသည်းကျော်လေး မေမြင့်မိုရ်နဲ့အတူ ကြော်ငြာဓာတ်ပုံလေး ရိုက်ကူးရင်း Live လွှင့်ရင်း အရှက်ပိုနေပါတယ်နော်..။

နာမည်ကျော်ဓာတ်ပုံဆရာ အေးဇော်မိုးက ကြော်ငြာဓာတ်ပုံလေး ရိုက်ကူးရင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ live လွှင့်ပေးခဲ့တာဖြစ်ပြီး ရှက်နေတဲ့ မင်းသားချောလေးဒေါင်းကိုလည်း ပရိသတ်တွေသဘောကျအချစ်ပိုနေကြတာ တွေ့ရပါတယ်နော်..။

ချစ်ရဲ့ Myanmarload မှ မင်းသားချောလေးဒေါင်းနဲ့ မေတို့ရဲ့ Live ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - အေးဇော်မိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။