ပရိသတ်တွေအမြဲအားကျပြီးချစ်နေရတဲ့အတွဲလေးကတော့သူရိယနဲ့ဆုအိမ့်စံပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတော့တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ချစ်နေကြတဲ့ကြည်နူးဖွယ်ပုံရိပ်တွေကြောင့်ပရိသတ်တွေအားကျပြီးချစ်နေရတာပါ။သူတို့နှစ်ယောက်ကအနုပညာလောကမှာလည်းနာမည်ရပြီးအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ 

သူတို့နှစ်ဦးဟာဝါသနာတူအနုပညာအလုပ်တွေကိုတစိုက်မတ်မတ်လုပ်နေကြတဲ့လိုက်ဖက်ညီတဲ့အတွဲလေးပဲဖြစ်ပါတယ်။ချစ်သူသက်တမ်းနှစ်နှစ်နီးပါးဖြတ်သန်းလာကြပီဖြစ်တဲ့သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီ ၁၄ ရက်မှာ စေ့စပ်ကြောင်းလမ်းလိုက်ကြတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ဟာ အနုပညာလှုပ်ရှားမှုတွေလည်း ဆက်တိုက်လှုပ်ရှားနေကြတာလည်း ဖြစ်ပါတယ်။  

ဒီနေ့လေးကတော့ ဆုအိမ့်စံရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ချစ်သူ သူရိယကတော့ " ပိုပိုလာသောအချစ်တွေ နဲ့ကိုကိုနဲ့ဘေဘီ နှစ်ယောက်အတူတူပိုချစ်နိုင်ပါစေ Happy Birthday Baby " ဆိုြ့ပီးမွေးနေ့ဆုတောင်းပေးထားတာပါ။ ဆုအိမ့်စံတစ်ယောက် အမြဲတမ်းပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ပြီး ချစ်ရသူနဲ့တစ်သက်လုံးလက်တွဲသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo - Hsu Eaint San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။