သရုပ်ဆောင် မင်းသမီးချောလေး မယ်လိုဒီကတော့ မြင်သူတိုင်းရင်ကို အေးချမ်းစေနိုင်တဲ့ အပြုံးလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အနုပညာလောကမှာ အချိန်အတော်ကြာ ရပ်တည်အောင်မြင်ခဲ့တဲ့ မယ်လိုဒီက လက်ရှိမှာတော့ အိမ်ထောင်ကျပြီး သားလေးတစ်ယောက် ရရှိထားပြီ ဖြစ်ပါတယ်။ မယ်လိုဒီရဲ့တစ်ဦးတည်းသော သားချောလေးကတော့ အရမ်းကို လိမ္မာရေးခြားရှိတဲ့ ကလေးလေးဖြစ်တာကြောင့် အားလုံးက ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။

သားလေး သိဒ္ဓိစစ်က ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘုရားတရား ကိုင်းရှိုင်းရုံသာမက ပညာရေးဘက်မှာလည်း ထူးချွန်သူတဲ့ ကလေးလေး ဖြစ်ပါတယ်။ သိဒ္ဓိလေးက အခုအရွယ်ကတည်းက ဉာဏ်ကောင်းပြီး စာတော်သလို English စာကိုလည်း ကောင်းကောင်း ဖတ်တတ် ဆိုတတ်နေပြီ ဖြစ်ပါတယ်။ အခုလည်း သိဒ္ဒိလေးက ဖေဖေနဲ့အတူ English သင်ခန်းစာတွေကို လေ့လာရင်း အသံထွက် ပီပီသသနဲ့ စာဖတ်ပြနေတာ တွေ့ရပါတယ်။

ဖေဖေက English လိုပြောတာကို English စကားနဲ့ ပြန်ဖြေပြီး အပြန်အလှန် စကားပြောနေတဲ့ သိဒ္ဒိစစ်တို့ သားအဖရဲ့ ဗီဒီယိုဖိုင်လေးကိုတော့ မေမေ မယ်လိုဒီက တင်ပေးထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ သိဒ္ဓိစစ်လေးရဲ့ English စကားပြော စွမ်းရည်နဲ့ စာဖတ်စွမ်းရည်က အံ့အားသင့်လောက်အောင် ထူးချွန်နေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ်ရဲ့ English စကားပြောနေတဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Melody Myo; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။