ပရိသတ်ကြီးရေ.... ကချင်တိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး ဆွဲဆောင်မှုရှိရှိ အချိုးအစားပြေပြစ်ညီညာတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ စူပါမော်ဒယ်လ် J naw ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာဆိုရင်ခန္ဓာကိုယ်အလှကို အထင်သားပေါ်လွင်စေတဲ့ ဖက်ရှင်အလန်းစား အင်္ကျီလေးတွေကို အမြဲဝတ်ဆင်လေ့ရှိတာဖြစ်ပြီး တစ်ကယ့်ကိုအပေါ်အောက် လိုက်ဖက်လှတာဖြစ်ပါတယ်။ ပုရိသတွေရဲ့ ဝန်းရံအားပေးမှုကိုအများဆုံးရရှိထားပြီး သူမရဲ့ပုံရိပ်အလှတွေကို facebook ပေါ်တွင်အများဆုံးထုတ်ဖော်တင်ပြသလေ့ရှိတာဖြစ်ပါတယ်။

သူမရဲ့ အနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေအများဆုံးရိုက်ဖြစ်တာဖြစ်ပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေလည်း လက်ခံရိုက်ကူးနေတာကို ပရိသတ်ကြီးတို့အနေနဲ့ရှုမြင်ခံစားကြရမှာဖြစ်ပါတယ်။ ဖျော်ဖြေရေးပွဲလမ်းသဘင်ကိုလည်း ဖိတ်ခေါ်ခြင်းခံရတဲ့ မြန်မာနိုင်ငံရှိ ထိပ်တန်းမော်လ်ဒယ်တစ်ဦးထဲက အပါအဝင်ဖြစ်ပါတယ်။ တိုင်းရင်းသူပီပီ သူမရဲ့ ရိုးသားပွင့်လင်းတဲ့ အပြုအမူ အပြောအဆို ဆက်ဆံမှုတွေကြောင့်လည်း ပရိသတ်တွေကတစ်ခဲနက်အားပေးနေကြတာဖြစ်ပါတယ်။

J naw ဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းကို ရောက်ရှိနေတာဖြစ်ပြီး လေထီးစီးနေတာဖြစ်ပါတယ်..။ ထိုအကြောင်းကို "Gravity အပြင်ဘက် ခုန်ကာထွက် ဘယ်မှာမှန်း မသိသေး တဲ့ ချစ်သူ ဆီ လေ ထီး စီးပီးအရောက် လာခဲ့မယ်" ဆိုတဲ့ status လေးနဲ့ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Maria J Naw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။