ပရိသတ်ကြီးရေ.. မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော Mini Mr. & Miss Myanmar လေးတွေ ထွက်ပေါ်လာခဲ့တာ ပရိသတ်ကြီးများအားလုံး အသိပါပဲနော်..။

ဒီကနေ့လေးမှာလည်း ချစ်ပရိသတ်တွေကို အသိပေးပြောပြချင်တဲ့ အကြောင်းလေးကတော့ ချစ်စရာကောင်းလွန်းတဲ့ Junior Teen Miss Global Myanmar အလှမယ်လေးကို ချစ်ပရိသတ်တွေနဲ့ မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နော်..။

Miss Golden Land Myanmar ရဲ့ Junior Teen Miss Global Myanmar အလှမယ်လေးကတော့ အသက်(၁၁)နှစ်အရွယ်လေးနဲ့ ချစ်စရာကောင်းလွန်းပြီး ကိုယ်ပိုင်ဟန်ပန်အရည်အချင်းတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကိုရရှိထားတဲ့ ချစ်စရာသမီးလေးကတော့ သမီးလေး ညွှန်းပြည့်သျှန်ပဲ ဖြစ်ပါတယ်နော်..။

သမီးလေး ညွှန်းပြည့်သျှန်ကတော့ ဘိုဆန်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး သူမရဲ့ အရွယ်လေးနဲ့ မလိုက်အောင် ထူးချွန်တဲ့ အမိုက်စား Talent တင်ဆက်မှုတွေအပြင် အလန်းစား ဖက်ရှင်တွေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့သူလေးဆိုလည်း မမှားပါဘူး..။

ဒီကနေ့လေးမှာတော့ ချစ်ပရိသတ်တွေရဲ့ အလှမယ်သမီးလေးညွှန်းပြည့်သျှန်ရဲ့ ပြိုင်ပွဲဝင်ချစ်စရာကောင်းလွန်းလှတဲ့ ပုံရိပ်လေးတွေ၊ ကိုယ်ပိုင်ဟန်ပန်အမူအရာတွေနဲ့ ထူးချွန်ထက်မြတ်တဲ့ အရည်အချင်း Talent လေးတွေကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Mini Mr. Myanmar & Mini Miss Myanmar ပြိုင်ပွဲကြီးမှာတော့ အသက် (၄နှစ် မှ ၁၂နှစ်ကြား) သားသားမီးမီးလေးတွေ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး မိဘတွေအနေနဲ့လည်း ကိုယ့်ရဲ့သားသားမီးမီးလေးတွေရဲ့ ကိုယ်ပိုင် အရည်အချင်း ထူးချွန်ထက်မြတ်တဲ့ စွမ်းရည် Talent တွေကို အကောင်အထည်ဖော်မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်နော်..။

Photo - Miss Golden Land Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။