ပရိသတ်တွေရဲ့ အချစ်တော်လေးပိုပိုကတော့ ယခုမှာ ပရိသတ်တွေတခဲနက်အားပေးမှုကို ရရှိနေတဲ့အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ဆယ်ကျော်သက်တွေအသည်းစွဲအားပေးချစ်ခင်ရတဲ့ ပရိသတ်အချစ်တော်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပိုပိုကတော့ ပရိသတ်တွေနှလုံးသားထဲကို အဆွေးသီချင်းလေးတွေနဲ့ ရောက်ရှိလာတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။   

ပရိသတ်တွေရဲ့ အသည်းကျော်လေး ဖြစ်တဲ့ အဆိုတော်မလေး ပိုပိုကတော့ အမျိုးသားပရိသတ်တွေရဲ့ နှလုံးသားကို သူမရဲ့တေးသီချင်းလေးတွေနဲ့ ရစ်ပတ်ဖမ်းစားထားသူ ဖြစ်ပါတယ်။ သီချင်းဆိုကောင်းပြီး အခွေတိုင်းပေါက်ကာ အောင်မြင်နေတဲ့ ပိုပိုကတော့ လတ်တလော လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အမျိုးသမီးအဆိုတော်တစ်ဦး ဖြစ်ပါတယ်။ 

ယနေ့မှာတော့ ပိုပိုတစ်ယောက် လေယာဉ်တတ်ခါနီး ချောတယ်နော် မင်းသမီးလားဆိုပြီး ဓာတ်ပုံအတူရိုက်သွားတဲ့ အဖွားကို ကြည့်ပြီး ပျော်နေခဲ့ပါတယ်။ ပိုပိုကတော့ " လေယာဉ်ဆီသွားတော့ ကားပေါ်မှာ ပိုက နေရာရလို့ထိုင်နေတာ အဘွားကို မြင်တော့ နေရာပေးလိုက်ရော

လေယာဉ်ပေါ်တက်ခါနီးတော့ အဘွား အရင်တက်ပါလားလို့ နေပူတယ်လို့ ပြောတော့ အေးဆေးမှ တက်မယ်တဲ့ ဘေးက အဘွားရဲ့ အဖေါ်က ချောတယ်နော်တဲ့ မင်းသမီးလားတဲ့ ပိုပိုပါ လို့ပြောလိုက်တော့ အဘွား က ဓါတ်ပုံလာရိုက်ရောတက်ကြွပြီးချစ်ဖို့ကောင်းနေရော အဘွားက facebook လဲသုံးတယ်တဲ့ " ဆိုပြီး ရေးသားထားပါတယ်။

SOURCE: ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။