ပရိသတ်အချစ်တော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူကိုသိကြမယ်ထင်ပါတယ်နော်။ ပါးချိုင့်လေးနဲ့ တတိုင်းပြည်လုံးရှိပရိသတ်တွေကို ညှို့ယူဖမ်းစားထားတာဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါ မြန်မာဗီဒီယိုလောကရဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ပြီး အခုချိန်ထိ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကို ရယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးထဲမှာပါ သဘာဝကျကျ ဇာတ်ရုပ်ပိုင်နိုင်စွာ ပါဝင်သရုပ်ဆောင်ခဲ့တာကို ပရိသတ်ကြီးတို့အနေနဲ့ ရှုမြင်ခံစားခဲ့ကြရမှာဖြစ်ပါတယ်။

ရိုးသွားပွင့်လင်းပြီးချစ်ဖို့ကောင်းတဲ့ အမူအရာတွေကြောင့် တတိုင်းပြည်လုံးရှိပရိသတ်တွေက ချစ်ခင်အားပေးလျက်ရှိတာဖြစ်ပါတယ်။ ခရီးသွားဝါသနာပါသူဖြစ်ပြီး သွက်လက်ချက်ချာသူတစ်ယောက်ဖြစ်ပါတယ်။ အရင်တုန်းက ခေတ်ဆန်ဆန် အတိုအပြတ်တွေဝတ်ခဲ့ပင်မဲ့ အခုနောက်ပိုင်းမှာဆိုရင်တော့ ရင့်ကျက်လာပြီး မြန်မာဆန်ဆန် အကျီင်္လေးနဲ့ပဲ ကျက်သရေရှိရှိ လှပစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။ photo shooting တွေအများဆုံးရိုက်ဖြစ်နေတာဖြစ်ပြီး ၊ အခမ်းအနားပွဲလမ်းသဘင်တွေကိုလည်း ဖိတ်ကြားခြင်းခံရတဲ့ မြန်မာနိုင်ငံရဲ့ ထိတ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

အေးမြတ်သူဟာဆိုရင် ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာ တစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း ပုရိသတွေစွဲမက်ဖွယ် gym ကစားနေတဲ့အလှပုံရိပ်လေးတွေကို "ချစ်သူကိုလွမ်းလို့gym သွားတာ အလွမ်းပြေသွားသည်ပေါ့ရှင့်.."ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Myat Lay ML

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။