ပြည်သူ့အချစ်တော် သရုပ်ဆောင် မအေးသောင်းကတော့ အရွယ်တင်နုပျိုလှပတဲ့ မင်းသမီးချောတစ်ဦးဖြစ်ပြီး ယနေ့တိုင်အောင် ပရိသတ်တွေရဲ့အသည်းကို ဖမ်းစားနိုင်သူလေး ဖြစ်ပါတယ်။ တစ်ခေတ်တစ်ချိန်ကတည်းက အရမ်းကို လူကြိုက်များအောင်မြင်ခဲ့တဲ့ မအေးသောင်းက အခုချိန်မှာလည်း နာမည်တစ်လုံးနဲ့ ကျော်ကြားနေဆဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မအေးသောင်းက ရုပ်ရှင်ဇာတ်ကားကြီးတွေ ပိုမိုရိုက်ကူးအောင်မြင်လာတာ တွေ့ရပါတယ်။

မကြာခင်ကျင်းပပြုလုပ်တော့မယ့် ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာလည်း မအေးသောင်းက " မုန်းစွဲ " ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ရရှိနိုင်မယ်လို့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာတော့ မအေးသောင်းက ဇာတ်ရုပ်နှစ်မျိူးကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် အားလုံးက ထင်ကြေးပေးနေကြတာ ဖြစ်ပါတယ်။ အခုလည်း မအေးသောင်းက ရွှေရောင်ဝတ်စုံလေးနဲ့ လူမှားလောက်အောင် လှနေတာ တွေ့ရပါတယ်။

ဒီဇိုင်နာ ကောင်းမြတ်ဖန်တီးချုပ်လုပ်ပေးထားတဲ့ ရွှေရောင်ဝတ်စုံလေးနဲ့ အရမ်းကို တောက်ပပေါ်လွင်နေတဲ့ မအေးသောင်းရဲ့အလှကတော့ အားလုံးကို အရူးအမူး စွဲလန်းနိုင်စေပါတယ်။ ရွှေရောင်လွှမ်းတဲ့ အမိုက်စားပွဲတက်ဝတ်စုံနဲ့ ခမ်းနားထည်ဝါနေတဲ့ သူမရဲ့ပုံရိပ်လေးတွေက ကြည့်မဝရှုမဝနိုင်အောင် လှပနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော မအေးသောင်းရဲ့ အလှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

source:Designer Kaung Myat - Haute Couture;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။