ပရိသတ်တွေ မျှော်လင့်စောင့်စားခဲ့ရတဲ့ ၂၀၁၈ ခုနှစ် အကယ်ဒမီ ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကြီးကတော့ ယနေ့ မတ်လ ၂၃ ရက်နေ့မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။'' The One Entertainment Park '' မှာ ညနေ ၃ နာရီမှစတင်ပြီး ကျင်းပပြုလုပ်တော့မယ့် အကယ်ဒမီဆုပေးပွဲကြီးအတွက် အားလုံးက ရင်ခုန်စောင့်စားနေရတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဘယ်သူတွေက ဘယ်လိုမျိုးဆုတွေ ရရှိသွားမလဲဆိုကတော့ စိတ်လှုပ်ရှားစရာကောင်းနေပြီ ဖြစ်ပါတယ်။

အကယ်ဒမီဆုပေးပွဲကြီးမှာ ပါဝင်ဆောင်ရွက်ကြမယ့် ရွှေကြိုမောင်မယ်လေးတွေကလည်း ဒီနေ့အတွက် အားလုံး အဆင်သင့်ဖြစ်လို့နေပြီ ဖြစ်ပါတယ်။ အကယ်ဒမီဗန်းကိုင်ကြမယ့် မျိုးဆက်သစ်ရွှေကြိုလေးတွေက ဝါရင့်အနုပညာရှင်တွေရဲ့ လေ့ကျင့်သင်ကြားမှုနဲ့အတူ အစစ အရာရာ ပြင်ဆင်ပြီးပြီ ဖြစ်ပါတယ်။ မနေ့ကလည်း ရွှေကြိုလေးတွေက Rehersal လေ့ကျင့်မှုတွေကို သေသေချာချာ ပြုလုပ်ခဲ့ကြပါတယ်။

အခုလည်း ရွှေကြိုမယ်လေးတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသမီးလေး ဆောင်းယွန်းစံက ဆုပေးပွဲအတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ပုံရိပ်လေးတွေကို တင်ပေးထားပါတယ်။ အရောင်အသွေးစုံလင်တဲ့ ရွှေကြိုမောင်မယ်လေးတွေကတော့ မကြာခင်မှာ ဆုပေးပွဲစင်မြင့်ထက်မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေကြိုမောင်မယ်လေးတွေရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Saung Yoon San;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။