ပရိတ်သတ်ကြီးရေ မင်းသမီးချောလေး ယုသန္တာတင်ကတော့ ကျော့ရှင်းတဲ့အလှတရားတွေနဲ့ ရိုးရှင်းစွာလှတဲ့ မင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။အနုပညာလောကထဲကို စဝင်လာကတည်းက ပရိတ်သတ်ရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိခဲ့ပြီး အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားနဲ့ တစ်စိုက်မက်မက် လုပ်ဆောင်ခဲ့ပါတယ်နော်။ယုသန္တာတင်ရဲ့ အိုင်တင်တွေကလည်း ပီပြင်ပိုင်နိုင်လွန်းလို့ သူမရဲ့ ဇာတ်ကားတွေကိုလည်း ပရိတ်သတ်တွေက ကြည့်ရှုအားပေးကြပါတယ်။

ယုသန္တာတင်က အခုချိန်ထိလည်း ဇာတ်ကားတွေရိုက် ကြော်ငြာ်တွေလက်ခံပြီး ဖိတ်ကြားတဲ့ ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေပါတယ်။ယုသန္တာတင်က အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်နေသလို အားလပ်ရက်တွေမှာလည်း သူငယ်ချင်းတွေနဲ့အတူတူ ခရီးတွေထွက်ပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်သူပါ။လူငယ်တစ်ယောက်ဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ နေထိုင်တတ်တဲ့ပုံစံလေးက စိတ်ချမ်းသာစရာပါနော်။

အနုပညာလောကထဲမှာ ပရိတ်သတ်တွေချစ်တဲ့ မင်းသမီးချောလေးတစ်ယောက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။အနုပညာရှင်တွေအကုန်လုံးကို ပေါင်းစည်းပြီး တွေ့မြင်ရမယ့် နှစ်တိုင်းကျင်းပလေ့ရှိတဲ့ အကယ်ဒမီပေးပွဲကြီးမှာ ယုသန္တာတင်က ယခုဆိုရင်လည်း မြန်မာမှု့မြန်မာ့ဟန်တွေ ရောလွှမ်းနေတဲ့ မြန်မာဆန်ပြီး ကျက်သရေရှိတဲ့ ဒီဇိုင်းလေးနဲ့ မြင်သူတကာငေးရလောက်အောင် ပွဲအခမ်းအနားကိုတက်ရောက်လာတဲ့ ပုံရိပ်လေးတွေကိုပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Source:Yu Thandar Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။