မိန်းကလေးပရိသတ်တွေရဲ့အချစ်တွေကိုအများဆုံးသိမ်းပိုက်ထားပြီးအောင်မြင်နေတဲ့Beauty Bloggerမလေးကတော့နေခြည်ဦးပဲဖြစ်ပါတယ်။သူမကတော့Beauty Bloggerအလုပ်တွေအပြင်အနုပညာအလုပ်တွေကိုပါကြိုးစားလုပ်ကိုင်ရင်းနဲ့ပရိသတ်အသိမှတ်ပြုခဲ့ရတဲ့သူတစ်ယောက်ဖြစ်လာတာပါ။အဘက်ဘက်မှာတော်လွန်းတဲ့သူ့ရဲ့ကြိုးစားမှုစိတ်ဓာတ်လေးတွေကတော့ပရိသတ်တွေအားကျအတုယူစရာပဲဖြစ်ပါတယ်။

Bloggerအလုပ်တွေသာမကသရုပ်ဆောင်ပိုင်းမှာပါထူးချွန်တာကြောင့်ပရိသတ်တွေရဲ့ချီးကျူးမှုကိုပါရထားတာဖြစ်ပါတယ်။ ချီချီကတော့ပရိသတ်တွေကိုလှစေချင်ရုံသာမကသူကိုယ်တိုင်လည်းအလှဆုံးနေထိုင်တက်တဲ့သူတစ်ယောက်ပါ။သူ့ရဲ့ပွင့်လင့်ပြီးဖြူစင်တဲ့စိတ်ထားလေးကြောင့်လည်းပရိသတ်တွေရဲ့အချစ်ကိုအပြည့်ရထားပြီးအောင်မြင်နေတာဖြစ်ပါတယ်။

နေခြည်ဦးကတော့ သူမရဲ့ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ ရန်သူ ” ကားဟာလည်း အကယ်ဒမီစာရင်းဝင်ဇာတ်ကားတစ်ကားအပါအဝင် ဖြစ်ပါတယ်။ ဒီနှစ်ကတော့ သူမရဲ့ပထမဆုံး အကယ်ဒမီပွဲတက်ရောက်ဖြစ်တာလည်း ဖြစ်ပါတယ်။ သူမဟာ အပြာရောင်ဝတ်စုံလေးနဲ့ အရမ်းကိုလှပနေတာလည်း ဖြစ်ပါတယ်။ ချီချီရဲ့အကယ်ဒမီပွဲတက်ဖက်ရှင်များကိုလည်း ကြည့်ရှုအားပေးပါဦးနော်။

Photo - Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။