ပြည်သူ့အချစ်တော် သရုပ်ဆောင် မအေးသောင်းကတော့ အရွယ်တင်နုပျိုလှပတဲ့ မင်းသမီးချောတစ်ဦးဖြစ်ပြီး ယနေ့တိုင်အောင် ပရိသတ်တွေရဲ့အသည်းကို ဖမ်းစားနိုင်သူလေး ဖြစ်ပါတယ်။ တစ်ခေတ်တစ်ချိန်ကတည်းက အရမ်းကို လူကြိုက်များအောင်မြင်ခဲ့တဲ့ မအေးသောင်းက အခုချိန်မှာလည်း နာမည်တစ်လုံးနဲ့ ကျော်ကြားနေဆဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မအေးသောင်းက ရုပ်ရှင်ဇာတ်ကားကြီးတွေ ပိုမိုရိုက်ကူးအောင်မြင်လာတာ တွေ့ရပါတယ်။

ဒီနေ့မှာ ကျင်းပပြုလုပ်နေပြီဖြစ်တဲ့ အကယ်ဒမီဆုပေးပွဲကြီးကိုတော့ မအေးသောင်းက ရွှေရောင်ဖက်ရှင်နဲ့ တက်ရောက်မှာ ဖြစ်ပါတယ်။ကျက်သရေရှိတဲ့ မြန်မာအမျိုးသမီးတစ်ဦးရဲ့ အလှကို ပေါ်လွင်စေတဲ့ မြန်မာဝတ်စုံလေးနဲ့ မြန်မာတို့တန်ဖိုးထားရတဲ့ ရွှေထည်တွေကို ပေါင်းစပ်ဖန်တီးထားတဲ့ မအေးသောင်းရဲ့ ပွဲတက်ဖက်ရှင်ကတော့ အရမ်းကို တန်ဖိုးရှိလှပါတယ်။ ထူးထူးခြားခြား ပွဲတက်ဝတ်စုံလေးနဲ့ တခမ်းတနားလှနေတဲ့ မအေးသောင်းကတော့ ကျက်သရေတိုးပြီး လှသွေးကြွယ်နေတာလည်း တွေ့ရပါတယ်။

ဒါ့အပြင် ဒီနှစ်အကယ်ဒမီပေးပွဲမှာတော့ မအေးသောင်းပါဝင်သရုပ်ဆောင်ထားတဲ့ '' မုန်းစွဲ'' ဇာတ်ကားကြီးကလည်း အကယ်ဒမီ ဆန်ကာတင်စာရင်းမှာ ပါဝင်တာဖြစ်သလို ပရိသတ်တွေအားလုံးကလည်း အမျိုးသမီးဇာတ်ပို့ဆုအတွက် မအေးသောင်းကို အကယ်ဒမီ မှန်းနေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော မအေးသောင်းတဲ့ ခမ်းနားထည်ဝါတဲ့ အကယ်ဒမီပွဲတက်ဖက်ရှင် ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Aye Thaung;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။