သရုပ်ဆောင် မင်းသမီးချော မေသန်းနုကတော့ ဒီနှစ်အကယ်ဒမီပေးပွဲကို သားဖြစ်သူ မင်းသန့်မောင်မောင်နဲ့အတူ ပွဲတက်လာခဲ့တာ ဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်နေတဲ့ အကယ်ဒမီပေးပွဲကြီးမှာတော့ မေသန်းနုတို့ သားအမိနှစ်ယောက်က အဝါရောင်ဖက်ရှင်လေးတွေကို ဆင်တူဝတ်ဆင်ပြီး ပွဲတက်လာကြတာ ဖြစ်ပါတယ်။ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ပွဲတက်လာတဲ့ မေသန်းနုတို့သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကတော့ ကြည်နူးစရာကောင်းနေတာ ဖြစ်ပါတယ်။

ဒီနှစ် အကယ်ဒမီပေးပွဲကြီးမှာတော့ မေသန်းနုက ရွှေကြိုလေးတွေကို ဝါရင့်သရုပ်ဆောင် တစ်ဦးပီပီ အသေးစိတ်ကအစ သေချာသင်ကြားပြသပေးခဲ့ပါတယ်။ မေသန်းနုရဲ့ သင်ကြားပြသမှုနဲ့အတူ စင်မြင့်ထက်မှာ မြင်တွေ့ရမယ့် ရွှေကြိုလေးတွေကလည်း အခုဆိုရင် စိတ်လှုပ်ရှားမှုတွေနဲ့ ရင်ခုန်နေကြပြီ ဖြစ်ပါတယ်။အမြဲနုပျိုလန်းဆန်းနေတဲ့ မေသန်းနုကတော့ ဒီနှစ်အကယ်ဒမီပေးပွဲမှာ အလှဆုံးဖြစ်နေတာ တွေ့ရပါတယ်။

သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ လက်ကိုတွဲပြီး ပွဲတက်လာတဲ့ မေသန်းနုရဲ့ ပုံရိပ်လေးတွေကတော့ အပြုံးပန်းလေးတွေ ဝေဆာနေတာ တွေ့ရပါတယ်။ ဆင်တူဖက်ရှင်လေးတွေနဲ့ ကြည်နူးစရာကောင်းတဲ့ မေသန်းနုတို့သားအမိနှစ်ယောက်ရဲ့မြင်ကွင်းလေးကတော့ ပရိသတ်တွေကိုပါ အချစ်ပိုစေခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မေသန်းနုတို့သားအမိနှစ်ယောက်ရဲ့ အကယ်ဒမီပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: May Than Nu Ma Sint;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။