ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်အနုပညာရှင်တွေထဲမှာ MRTV-4 မင်းသမီးချောလေး တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး ခြူးကလည်း အပါအဝင်ပါပဲ..။

သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားမှုလေးတွေကလည်း သူမရဲ့ချစ်ပဖွယ်ပုံရိပ်လေးတွေပါပဲ..။

ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ အသည်းကျော်လေး ခြူးလေးရဲ့ နောက်ထက်ချစ်စရာပုံရိပ်လေးကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို ပရိသတ်တွေကို အမြဲပြန်လည်မျှဝေလေ့ရှိတတ်တာလေးပဲ ဖြစ်ပါတယ်နော်..။

ခြူးလေးကတော့ ဒီကနေ့မှာ စည်စည်ကားကား ခမ်းခမ်းနားနား ကျင်းပပြုလုပ်နေတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကိုလည်း ရုပ်ရှင်လောက အနုပညာရှင်ညီအစ်ကိုမောင်နှမတွေအတွက် တက်ရောက်ဂုဏ်ပြုပေးနေတာ တွေ့ရပါတယ်နော်..။

ပရိသတ်တွေရဲ့ အသည်းကျော်လေး ခြူးကတော့ ကျောက်စိမ်းရောင် မြန်မာဖက်ရှင်ဝတ်စုံလေးနဲ့ နတ်မိမယ်လေးတစ်ပါးလို ကျော့ရှင်းလှပမှုတွေနဲ့ ချစ်စရာကောင်းစွာ ပွဲတက်ရောက်လာပြီး မြင်သူပရိသတ်တွေတိုင်းရဲ့ အမြင်အာရုံတွေက်လည်း ဖမ်းစားနိုင်ထားတာ တွေ့ရပါတယ်နော်..။

ကျောက်စိမ်းရောင်နတ်မိမယ်လေးတစ်ပါးလို့ လှသွေးကြွယ်စွာ ကျော့ရှင်းလှပစွာ ပွဲတက်ရောက်လာခဲ့တဲ့ ခြူးလေးရဲ့ အကယ်ဒမီပွဲတက်ဖက်ရှင်ပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ခြူးလေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။