ဒီကနေ့မှာကျင်းပပြုလုပ်တဲ့အကယ်ပေးပွဲကြီးကတော့ အနပညာရှင်တွေများစွာ တက်ရောက်လာခဲ့ပြီး တစ်ယောက်တစ်မျိုးမတူညီတဲ့ ဖက်ရှင်လေးတွေကြောင့် အရောင်တွေတလက်လက်တောက်ပကာ ခမ်းနားကြီးကျယ်လှပါတယ်။ ထိုပွဲကြီးကတော့ အနုပညာရှင်တွေရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ မြန့်မာရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီဆုတံဆိပ်) ကြီးကို ပေးအပ်ချီးမြှင့်တဲ့ပွဲကြီး ဖြစ်တာကြောင့် တက်ရောက်လာတဲ့အနုပညာရှင်တွေသာမက ကြည့်ရှုနေတဲ့ပရိတ်သတ်တွေကိုပါ ရင်ခုန်စိတ်လှုပ်ရှားတွေများစွာ ပေးစွမ်းနိုင်တဲ့ပွဲကြီးတစ်ပွဲပဲဖြစ်ပါတယ်

ယနေ့ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီဆုပေးပွဲကြီးမှာဆိုရင်လည်း ပရိသတ်တွေ ရင်ခုန်စွာနဲ့စောင့်မျှော်နေတဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုကြီးကိုတော့ ဒါရိုက်တာဝိုင်းက က ရွှေကြာ ရုပ်ရှင်ကားကြီးနဲ့ ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။

ဒါရိုက်တာဝိုင်းဟာ ရှေ့နှစ်တွေတုန်းကလည်း အကယ်ဆုကြီးသုံးဆုကို ဆွတ်ခူးရရှိခဲ့ဖူးသူဖြစ်တာကြောင့် ယခုရရှိခဲ့တဲ့ ဆုကြီးဟာ သူ့ရဲ့လေးကြိမ်မြောက် ဆွတ်ခူးရရှိခဲ့တဲ့ အကယ်ဒမီဆုကြီးပဲဖြစ်ပါတယ်။

ဒီဆုကြီးကိုရရှိခဲ့တဲ့ ဒါရိုက်တာဝိုင်း ဟာဆိုရင်လည်း ရင်ထဲမှာ အရမ်းပျော်ရွှင်ကြည်နူးနေတယ်ဆိုတာ သူရဲ့မျက်နှာက ပေါ်လွင်နေတဲ့ အပြုံးတွေက သက်သေပါပဲ။

ဒါ့အပြင် ဒါရိုက်တာဝိုင်းအတွက် ကိုယ်တတ်စွမ်းသလောက် ကြိုးစားအားထုတ်ထားတဲ့ အရာကနေ ထိုက်ထိုက်တန်တန်ရရှိလာတဲ့ အကယ်ဒမီဆုကြီးကတော့ တန်ဖိုးမဖြတ်နိုင်လောက်အောင်ပါပဲ။

Myanmarload Media အနေနဲ့လည်း အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုကို ဆွတ်ခူးရရှိခဲ့တဲ့ ဒါရိုက်တာ ဝိုင်းကို နောက်ထပ် လည်း ဒီထက်ပိုကောင်းတဲ့ အနုပညာတွေကို အကောင်းဆုံးဖန်တီးနိုင်ပြီး အကယ်ဒမီဆုကြီးတွေ ထပ်မံဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

PHOTO CREDIT - CHANNEL 7 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။