ယနေ့ကျင်းပပြုလုပ်နေတဲ့ အကယ်ဒမီပေးပွဲကြီးကတော့ ၁ နှစ်မှာ ၁ ခါသာ ကျင်းပပြုလုပ်တဲ့ပွဲကြီးတစ်ပွဲဖြစ်သလို မြန်မာ့ရုပ်ရှင်လောကသားတွေအတွက်လည်း အရမ်းအရေးပါလှတဲ့ ပွဲကြီးတစ်ပွဲပဲဖြစ်ပါတယ်။

ဒီအကယ်ပေးပွဲကြီးဟာ ရုပ်ရှင်လောကသားတွေရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ( အကယ်ဒမီဆု) ကြီးကို ရွေးချယ်ချီးမြှင့်ပေးတဲ့ ပွဲကြီးတစ်ပွဲဖြစ်တာနဲ့အညီ အနုပညာရှင်တွေသာမက ပရိသတ်တွေကိုပါ ရင်ခုန်စိတ်လှုပ်ရှားမှုတွေ များစွာပေးစွမ်းနိုင်တဲ့ ပွဲကြီးတစ်ပွဲပဲဖြစ်ပါတယ်။

ယနေ့ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီဆုပေးပွဲကြီးမှာဆိုရင်လည်း ပရိသတ်တွေ ရင်ခုန်စွာနဲ့စောင့်မျှော်နေတဲ့ ဆုကြီးကိုတော့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကြီးကိုတော့ ရွှေကြာ ရုပ်ရှင်ဇာတ်ကားကြီးက ကဆွတ်ခူးရရှိခဲ့ပါတယ်။

ဒီရုပ်ရှင်ကားကြီးကတော့ငွေသော်တာ ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးဖြစ်ပြီး ထွေလာထွက်ရှိလာထဲကကို ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ရုပ်ရှင်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။

ဒါ့အပြင် ရုံတင်ပြသတဲ့အခါမှာဆိုရင်လည်း ပရိသတ်တွေရဲ့ ရုံပြည့်ရုံလျှံအားပေးမှုကို ရရှိခဲ့တဲ့ ရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်။

ပြည့်တန်ဆာသည်မလေးတွေရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ ဒီရွှေကြာ ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း ယခုရရှိတဲ့ ရုပ်ရှင်ဇာတ်ကားဆုကြီး အပါအဝင်ဆိုရင် ယနေ့အကယ်ဒမီပေးပွဲကြီးက ချီးမြှင့်တဲ့ အကယ်ဒမီဆုကြီး သုံးဆုကို ရရှိခဲ့ပြီပဲဖြစ်ပါတယ်။

ပရိသတ်တွေရော ဒါရိုက်တာ ဝိုင်းရိုက်ကူးထားတဲ့ ရွှေကြာ ရုပ်ရှင်ဇာတ်ကားကြီးက အခုလို အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကြီး ဆွတ်ခူးရရှိခဲ့တဲ့အတွက် ပျော်ရွှင်ကြတယ်မလား။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။