ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်တစ်ဦးဖြစ်တဲ့အိန္ဒြာကျော်ဇင်ကတော့အနုပညာလောကမှာအောင်မြင်ယုံသာမကပျော်ရွှင်ကြည်နူးစရာကောင်းတဲ့မိသားစုဘဝကိုပါပိုင်ဆိုင်ထားတာပါ။အနုပညာလောကမှာလည်းအနုပညာရှင်အချင်းချင်းတောင်အားကျဂုဏ်ယူလောက်တဲ့သူတစ်ဦးဖြစ်ပြီးတစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အားပေးမှုကိုအပြည့်ရထားတာဖြစ်ပါတယ်။အနုပညာလောကမှာနှစ်ပေါင်းများစွာကြာအောင်မြင်လာတဲ့သူ့ရဲ့စွမ်းဆောင်မှုတွေကတော့ပရိသတ်တွေလေးစားအားကျဖွယ်ပဲဖြစ်ပါတယ်။

သူမကတော့ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းအများဆုံးရိုက်ကူးနေရတာပါ။သူ့ရဲ့ပီပြင်တဲ့ကာရိုက်တာတွေကြောင့်သူ့ဇာတ်ကားတွေတိုင်းဟာရုံတင်မပြသခင်ကတည်းကပရိသတ်တွေစိတ်ဝင်စားမှုအပြည့်ရထားတာပါ။အနုပညာလောကမှာအောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်ပေမယ့်လည်းပရိသတ်တွေအပေါ်ထားတဲ့ဖြူစင်တဲ့စိတ်ထားလေးတွေကြောင့်လည်းအချစ်တွေတိုးနေရတာပါ။

ပရိတ်သတ်တွေချစ်တဲ့ အူဝဲကတော့ ဒီနေ့မှာရတဲ့အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပေးပွဲလေးမှာတော့ ကုန်းဘောင်ခေတ်နဲ့၁၉၅၀ ခုနှစ်ကဖက်ရှင်ပုံစံလေးနဲ့ပွဲတက်ရောက်လာတာလည်း ဖြစ်ပါတယ်။ သူမရဲ့ဝတ်စုံလေးကိုတော့ လေးလကျော်ချုပ်လုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အူဝဲရဲ့ပွဲတက်ဖက်ရှင်ပုံရိပ်များကို ကြည့်ရှုကြပါဦးနော်။

Photo - Aung Kyaw Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။