ဒီကနေ့မှာဆိုရင်တော့ အနုပညာရှင်တွေနဲ့အတူ ပရိသတ်တွေ ရင်ခုန်စွာနဲ့ စောင့်မျှော်ခဲ့ရတဲ့ အကယ်ပေးပွဲကြီးဟာ ကျင်းပပြုလုပ်ခဲ့ပြီပဲဖြစ်ပါတယ်။

ဒီအကယ်ဒမီပေးပွဲကြီးကိုတော့ ဖိတ်ကြားခံရတဲ့ အနုပညာရှင်တွေများစွာဟာ အရောင်တလက်လက်ထနေတဲ့ ဖက်ရှင်တွေကို ဝတ်ဆင်ကာ တက်ရောက်လာခဲ့တာ တွေ့ရသလို သူတို့ရဲ့ရင်ထဲမှာလည်း ရင်ခုန်စိတ်လှုပ်ရှားမှုတွေများစွာ ဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်။

ဒါ့အပြင် ဒီအကယ်ဒမီပေးပွဲကြီးဟာ မြန်မာ့ရုပ်ရှင်လောကသားတွေရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ အကယ်ဒမီဆုကြီးကို ရွေးချယ်ချီးမြှင့်ပေးတဲ့ပွဲကြီးတစ်ပွဲဖြစ်တာကြောင့် တစ်နိုင်ငံလုံးကရုပ်ရှင်ချစ် ပရိသတ်တွေလည်း ကိုယ်အားပေးတဲ့အနုပညာရှင်က အကယ်ဒမီဆုကြီးရရှိသွားမလားဆိုပြီး ရင်ခုနု်နေကြမယ်လို့ထင်ပါတယ်။

ယနေ့ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီဆုပေးပွဲကြီးမှာဆိုရင်လည်း ပရိသတ်တွေ ရင်ခုန်စွာနဲ့စောင့်မျှော်နေတဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကြီးကိုတော့ အေးမြတ်သူ ကဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ ၎င်းဆုကြီးကိုတော့ အေးမြတ်သူဟာ “နောင်တွင်ဥဒါန်းတွင်စေသတည်း” ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပြီး ဒီရုပ်ရှင်ကားကြီးထဲက အေးမြတ်သူရဲ့ ကြိုးစားအားထုတ်ထားမှုတွေကလည်း ပရိသတ်တွေရဲ့ ရင်ထဲကိုတကယ် ဝင်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုရရှိခဲ့တဲ့ အေးမြတ်သူဟာဆိုရင်လည်း ရင်ထဲမှာ အရမ်းပျော်ရွှင်ကြည်နူးနေတယ်ဆိုတာ သူရဲ့မျက်နှာက ပေါ်လွင်နေတဲ့ အပြုံးတွေက သက်သေပါပဲ။ ကိုယ်တတ်စွမ်းသလောက် ကြိုးစားအားထုတ်ထားတဲ့ အရာကနေ ထိုက်ထိုက်တန်တန်ရရှိလာတဲ့ အကယ်ဒမီဆုကြီးကတော့ တန်ဖိုးမဖြတ်နိုင်လောက်အောင်ပါပဲ။

ပရိသတ်တွေလည်း ကိုယ်ရစေချင်တဲ့ အနုပညာရှင်က အခုလို အကယ်ဒမီဆုကြီးကို ဆွတ်ခူးရရှိခဲ့တဲ့အတွက် အရမ်းပျော်ရွှင်နေရဲ့လားဆိုတာ ပြောခဲ့ကြဦးနော်။

Photo - Channel 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။