အနုပညာရှင်တွေသာမက ပရိသတ်တွေအားလုံး စိတ်ဝင်စားနေကြတဲ့ အကယ်ဒမီပေးပွဲကြီးဟာ ယနေ့မှာကျင်းပပြုလုပ်နေပြီဖြစ်တာမို့ အားလုံးကလည်း ရင်ခုန်သံတွေဆူညံစွာနဲ့ စောင့်မျှော်ကြည့်ရှုရတဲ့ ပွဲတစ်ပွဲပဲဖြစ်ပါတယ်။

မြန်မာပြည်သူပရိသတ်တွေအားလုံးကို ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ အကယ်ဒမီရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကတော့ ပရိသတ်တွေကြား အရမ်းကို ရေပန်းစားပြီး စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခမ်းအနားပွဲကြီးဆိုလည်း မမှားပါဘူး..။

ပွဲတက်ရောက်လာခဲ့တဲ့ အနုပညာရှင် အတတ်ပညာရှင်တွေဟာလည်း အမိုက်စားဖက်ရှင်တွေနဲ့ ကိုယ်စီကြည့်ကောင်းလွန်းနေတာမို့လည်း ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို ဖမ်းစားထားနိုင်ကြတာလည်း တွေ့ရပါတယ်နော်..။

ဒီကနေ့မှာ စည်စည်ကားကားကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးမှာတော့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုတော့ “မှော်ဝင်သမန်းကျား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ မင်းသားသူထူးစံက ဆွတ်ခူးရရှိနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာဆိုရင် မင်းသားသူထူးစံရဲ့ သေချာပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်ပိုင်နိုင်မှုတွေကတော့ ဇာတ်ကားတစ်ကားလုံးကို လာရောက်ကြည့်ရှုသူ ပရိသတ်တွေအနေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုတကယ် ဝင်ရောက်နိုင်ခဲ့တာလည်း တွေ့ရပါတယ်နော်..။

ဇာတ်ကားနဲ့ (၂၀၁၈)ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိပိုင်ဆိုင်ခဲ့တဲ့ မင်းသား သူထူးစံ အတွက် ထပ်တူကြည်နူးပီတိဖြစ်နေကြတဲ့ အနုပညာရှင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း လာရောက်နှုတ်ဆက်ဂုဏ်ပြုပေးနေကြတာလည်း ကြည်နူးပီတိဖြစ်စွာ မြင်တွေ့ရပါတယ်နော်..။

Myanmarload Media အနေနဲ့လည်း မင်းသားသူထူးစံကို နောက်ထပ်လည်း ဒီထက်ပိုကောင်းတဲ့ အနုပညာတွေကိုလည်း အကောင်းဆုံးဖန်တီးနိုင်ပြီး အကယ်ဒမီဆုကြီးတွေကို ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းစကားလေးနဲ့အတူ ဂုဏ်ပြုပေးလိုက်ပါတယ်နော်..။

Photo - Channel 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။