မင်းသမီးချောလေး မိုးဟေကိုကတော့ မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကြီးကို တက်ရောက်ခဲ့ပါတယ်။ အမိုက်စားဖက်ရှင်တွေနဲ့ ပွဲတက်လာကြတဲ့ အနုပညာရှင်တွေထဲမှာတော့ မိုးဟေကိုရဲ့ ပွဲတက်ဝတ်စုံကလည်း အရမ်းကို ပေါ်လွင်လှပနေခဲ့ပါတယ်။ နေရာဒေသနဲ့ လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်တတ်တဲ့ မိုးဟ မနေ့ညက အကယ်ဒမီပေးပွဲမှာလည်း အလှဆုံးဖြစ်နေခဲ့ပါတယ်။

ဒီနေ့မနက်မှာတော့ မိုးက သူမရဲ့အကယ်ဒမီပွဲတက်ပုံရိပ်တွေနဲ့အတူ သေသေချာချာ ပြင်ဆင်ခဲ့တဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် တင်ပေးထားပါတယ်။ ဘာဝတ်ဝတ် အမြဲကျက်သရေရှိပြီး ပေါ်လွင်လှပနေတဲ့ မိုးက မနေ့ညကတော့ မြန်မာဆန်ဆန် ပွဲတက်ဖက်ရှင်ကို ရွေးချယ်ခဲ့ပါတယ်။ လက်ကိုင်အိတ်နဲ့ လက်ဝတ်ရတနာကို အရောင်တစ်ထပ်တည်းကျအောင် ရွေးချယ်ဆင်မြန်းထားတဲ့ မိုးရဲ့အလှကတော့ အရမ်းကို ပြီးပြည့်စုံနေခဲ့ပါတယ်။

ဂုဏ်သရေရှိတဲ့ မြန်မာအမျိုးသမီးတစ်ဦးရဲ့ ဝတ်စားဆင်ယင်မှုကို ပြသခဲ့တဲ့ မိုးရဲ့ အကယ်ဒမီပွဲတက်ဖက်ရှင်ကတော့ ဒီနှစ်မှာလည်း ထူးထူးခြားခြား ဖြစ်နေခဲ့တာ တွေ့ရပါတယ်။ ဖက်ရှင်အလှဘုရင်မလို့ တင်စားရတဲ့ မိုးက နာမည်နဲ့လိုက်အောင် အလှသရဖူဆောင်းခဲ့နိုင်ပြီ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မိုးဟေကိုရဲ့ အကယ်ဒမီ ပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Moe Hay Ko;

Photo Credit; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။