ပရိသတ်ကြီးတို့ အနေနဲ့ ခီမောင်နှံကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးဖြစ်မှာပါ။ နိုင်ငံတကာ အဆင့်မှီတဲ့ စံချိန်တင် ရုပ်ရှင်ဇာတ်ကားကြီးကို အချိန်ကုန်၊ငွေးကြေးကျကုန်ခံကာ ဖန်းတီးတင်ဆက်ပြနိုင်သူဇနီးမောင်နှံဖြစ်ပါတယ်။ ဇာဏ်ခီဟာ ယောကျာ်းပီသတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်သလို sound engineering ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ မိန်းမဖြစ်သူ ခရစ္စတီးနားခီ ဟာဆိုရင်လည်း မိခင်ကောင်း၊ ဇနီးကောင်း တစ်ယောက်ဖြစ်ပြီး မြန်မာပြည်ရဲ့ ဒါရိုက်ကောင်းတစ်ယောက်လို့ ဆိုရမှာဖြစ်ပါတယ်...။

ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးနှင့် မုဒြာခေါ်သံရုပ်ရှင်ဇာတ်ကားကြီး နှစ်ကားစလုံးကို international တန်းဝင်ရိုက်ကူးခဲ့တာဖြစ်ပြီး ပရိသတ်အများအပြား လက်ခံအားပေးမှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ဖြစ်ပါတယ်။ ဒီထက်မက အခုဆိုရင်လည်း ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကြီးကို နိုင်ငံတကာအဆင့်မှီဇာတ်ကားတစ်ကားပေါ်ထွက်လာစေရန်ကြိုးစားနေကြတဲ့ ခီမောင်နှံလို့ဆိုရပါမယ်။ မိန်းမကို အရိပ်တကြည့်ကြည့်နဲ့ အမြဲ ကြည့်နေတတ်တဲ့ မင်းသားဇာဏ်ခီကတော့ ဇနီးကိုအရမ်းချစ်တတ်တဲ့ ခင်ပွန်ကောင်းတစ်ယောက်အဖြစ် ပရိတ်သတ်တွေကြားမှာ ရေပန်းစား ချီးကျူးခံနေရတတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ခီမောင်နှံဟာဆိုရင် ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook စာမျက်နှာပေါ်တွင် နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြေပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း မနေ့က ကျင်းပပြုလုပ်ခဲ့သော ၂၀၁၈ ခုနှစ် အကယ်ဒမီဆုပေးပွဲသို့ ရိုးရှင်းသော မြန်မာဝတ်စုံလေးနဲ့တက်ရောက်ခဲ့တာဖြစ်ပြီး အမှတ်တရပုံရိပ်လေးတွေကို Central base အဖွဲ့ဝင်၊ အဖွဲ့သားများနဲ့အတူ ချစ်ခင်ရင်းနှီးစွာ ဓာတ်ဖမ်းခဲ့တာဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Christina Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။