သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်ဖြစ်သွားပြီဖြစ်တဲ့ ဖွေးဖွေးတစ်ယောက် မနေ့က အကယ်ဒမီ ပေးပွဲအပြီး ဒီမနက်မှာတော့ ကြာပန်းတွေနဲ့ အင်ကြင်ပန်းတွေကို ရွှေတိဂုံဘုရားမှာ ကပ်လှူခဲ့တာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ပညာပေးဇာတ်ကားတစ်ကားဖြစ်ပြီး ပြည့်တန်ဆာအမျိုးသမီးတွေရဲ့ ခက်ခဲကြမ်း တမ်းတဲ့ဘဝနဲ့ ထိခိုက်နစ်နာရမှုတွေကို မီးမှောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။

ဒီဇာတ်ကားထဲမှာတော့ ဖွေးတစ်ယောက် ပြည့်တန်ဆာမလေးတစ်ယောက်လို သရုပ်ဆောင် ထားပြီး ပြည့်တန်ဆာအမျိုးသမီးတွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘဝနေထိုင်မှုတွေကို ပီပြင် ပေါ်လွင်အောင်သရုပ် ဆောင်နိုင်ခဲ့တာမို့ အခုလို အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါဟာ သူမအတွက် သုံးခုမြောက်အကယ်ဒမီဆုကြီးပဲဖြစ်ပါတယ်။ Congratulation ပါ ဖွေးဖွေးရေ။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့တာကြောင့် လက်ထိခိုက်သွားခဲ့ပြီး အကယ်ဒမီပွဲကို ကျောက်ပတ်တီးနဲ့တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ ဖွေးတစ်ယောက် သူမအကယ်ဒမီရခဲ့တဲ့ ဇာတ်ကားရဲ့နာမည် " ရွှေကြာ " ကို ကိုယ်စားပြုပြီး ဘုရားမှာ ကြာပန်းတွေ ကပ်လှူခဲ့ပြီး အားလုံးကို ငြိမ်းချမ်းစေဖို့ ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။

Photo - Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။