ချစ်ပရိတ်သတ်ကြီးရေ.... အနုပညာလမ်းကြောင်းပေါ်မှာ ပရိတ်သတ်တွေအခိုင်အမာနဲ့ အနုပညာခြေလှမ်းတွေကို အင်ပြည့်အားပြည့်နဲ့ လျှောက်လှမ်းလျက်ရှိတဲ့ လူငယ်မင်းသားချောလေးအိစိကွေးဆိုတာပရိတ်သတ်တွေရဲ့အသည်းကျော်လေးတစ်ယောက်ပါပဲနော်။ငယ်ငယ်ကတည်းက အရမ်းကိုပဲ သရုပ်ဆောင်ကောင်လွန်းခဲ့တဲ့ ကလေးလေးလည်းဖြစ်တာကြောင့် အချစ်ပိုနေခဲ့ရတာပါ။

ပရိတ်သတ်တွေရဲ့မျက်စိရှေ့မှာတင် အရွယ်ရောက်ပြီးကြီးပြင်းလာခဲ့တဲ့ အိစိကွေးတစ်ယောက်ဟာ အခုအချိန်မှာဆိုရင် အနုပညာအလုပ်တွေကို ဇောက်ချလုပ်ကိုင်နေပြီပဲဖြစ်ပါတယ်နော်။ ကြိုးစားမှုတွေတိုင်းဟာ အရာထင်လာခဲ့ပြီးတော့ အခုဆိုရင် အိစိကွေးဟာ သရုပ်ဆောင်ပိုင်းမှာကော အဆိုပိုင်းမှာပါ အောင်မြင်မှုတွေ များစွာရရှိထားခဲ့ပါပြီနော်။

သူဟာ မကြာခင်ကမှပြုလုပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးခွနေ်ဆု အကယ်ဒမီပေးပွဲကို တက်ရောက်ပြီးတော့ သူချစ်တဲ့အနုပညာလောကထဲက သူလေးစားအားကျရတဲ့ အနုပညာရှင်အကို အမတွေကို လက်ခုပ်တီးပြီးအားပေးခဲ့ပါတယ်နော်။ ရှမ်းတိုင်းရင်းသားလေးလိုလို မွန်ကောင်လေးလိုလိုနဲ့ ခေါင်းပေါင်းလေးပေါင်းပြီးပွဲတက်လာတဲ့အိစိကွေးလေးဟာ နှုတ်ခမ်းနီမလေးတွေရဲ့ နှလုံးသားကိုသိမ်းပိုက်အနိုင်ယူသွားခဲ့ပြန်ပါတယ်နော်။ကဲ... ယောက်ျားပီသတဲ့ ကောင်လေးတစ်ယောက်အဖြစ်နဲ့တွေ့မြင်ရမယ့် အိစိကွေးရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Spurce: Eisi Kway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။