ချစ်ပရိတ်သတ်ကြီးရေ.... လူငယ်တွေကြားထဲမှာ အရမ်းကိုရေပန်းစားနေတဲ့ ခပ်ချောချောအဆိုတော်ကောင်လေး ဟိန်းမင်းသူကို မသိတဲ့သူမရှိပါဘူးနော်။ ပရိတ်သတ်တွေကတောင် နိုင်ငံခြားအဆိုတော် ဂျက်စတင် ဘီလ်ဘာနဲ့ တူတယ်လို့တောင် ခနခနပြောကြပါသေးတယ်။ သီချင်းလည်းအဆိုကောင်းသလို ချစ်ဖို့လည်းကောင်းတဲ့ ယောက်ျားပီသတဲ့ ရုပ်ရည်လေးကိုပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ အဆိုတော်လေးဖြစ်နေရတာပါနော်။

ဟိန်းမင်းသူဟာ မကြာခင်က ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ ပေးပွဲအခမ်းအနားကို သူ့ရဲ့ idolမင်းသမီးတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်နဲ့အတူတူ တွဲပြီးပွဲတက်လာခဲ့ပါတယ်နော်။ ဒီပွဲမှာ ဆိုရင် ဟိန်မင်းသူဟာ သူကိုယ်တိုင်တောင်သတိမထားမိတဲ့ အမှားလေးတစ်ခုလုပ်မိခဲ့ပါတယ်။ အဲ့ဒါကတော့ သူဝတ်လာတဲ့ ပွဲတက်လုံချည်ဟာ အထက်အောက် ပြောင်းပြန်ဖြစ်နေခဲ့တာပါပဲ။သူကိုယ်တိုင်ကသတိမထားမိပေမယ့် သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေက အရိပ်တကြည့်ကြည့်နဲ့မို့ ဒီလိုဖြစ်နေတဲ့ အကြောင်းကို သူ့ရဲ့ဓာတ်ပုံအောက်မှာ comment တွေလာရေးကြပါတယ်။ ဒီတော့မှသိရတာပါ။ ဒါကြောင့်မို့လို့ ဒီအကြောင်းနဲ့ပတ်သတ်ပြီးလည်း သူချစ်တဲ့ ပရိတ်သတ်တွေကို အနူးညွှတ်တောင်းပန်ခဲ့ပါတယ်နော်။

" ပရိတ်သတ်ကြီးများ ခင်ဗျာ ကျွန်တော်မနေ့ကတုန်းက အကယ်ဒမီပေးပွဲတက်တဲ့ဝတ်စုံမှာ မတော်တဆမှားယွင်းပြီး ဝတ်ခဲ့မိတဲ့အတွက်ဦးစွာ တောင်းပန်ချင်ပါတယ်ခင်ဗျာ။ Designer မရည်မွန်က အလုပ်တစ်ခု လက်ခံထားတဲ့အတွက် ဝတ်စုံပေးပြီး ပြန်သွား ခဲ့ရပါတယ်။ သူက ဝတ်တတ်လားဆိုတော့ ပုဆိုး ကသိပ်အခက်ကြီးမဟုတ်လို့ အဆင်ပြေတယ်ဆိုပြီး ယူထားခဲ့လိုက်ပါတယ်။ ပွဲ သွားမယ့်အချိန်အတွင်း မန်နေဂျာ ရယ် ကျွန်တော့်ဓာတ်ပုံဆရာ ရယ် ဘဲရှိတဲ့အတွက် ကျွန်တော်တို့ပွဲ ချိန်က လဲအရမ်းကပ်နေလို့ သတိမမူဘဲ အလောတကြီး ဝတ်ဆင်ခဲ့မိသွားပါတယ် ခင်ဗျာ ကျွန်တော် ပွဲ တက်နေစဉ် ကနေ ပွဲ ပြန်တဲ့အထိ လုံး၀ သတိမထားမိခဲ့ပါဖူးဗျ ကျွန်တော် လူမှုကွန်ယက် ပေါ် ဓာတ်ပုံတင်ပြီး နောက် commets များ လာ ရေးတော့မှသာ သတိထားခဲ့မိပါတယ်ဗျ ထို့ကြောင့် များစွာ စိတ်မကောင်းဖြစ်မိပါတယ်။ကျွန်တော့်သတိမမူအမှားတခုကြောင့် တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုခြင်း ရည်ရွယ်ချက်မရှိပါဗျ။အဲ့အတွက် ကျွန်တော်ဟိန်းမင်းသူ မှ အနူးအညွတ်တောင်းပန်အပ်ပါတယ် နောက်နောင် ဒီလိုအဖြစ်ပျက်မျိုး မဖြစ်စေရန် သတိထားဆင်ခြင်ပါ့မယ်ခင်ဗျ " ဆိုပြီးတော့ ပရိတ်သတ်တွေကိုတောင်းပန်စာလေးရေးပြီးတင်ထားခဲ့တာကို တွေ့ရပါတယ် ချစ်ပရိတ်သတ်ကြီးရေ....

Source : Hein Min Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။