မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့အာရှယူ၂၃ခြေစစ်ပွဲတွေရဲ့ဒုတိယမြောက်ပွဲစဉ်တွေကိုတော့ဒီနေ့မှာယှဉ်ပြိုင်ကစားခဲ့ပါတယ်။အိမ်ရှင်မြန်မာအသင်းကမကာအိုအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး(၄-ဝ)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။မြန်မာအသင်းဟာအုပ်စုတက်ဖို့ဆိုဂိုးပြတ်နိုင်ပွဲတွေလိုတာကြောင့်အကောင်းဆုံးကစားသွားခဲ့ပါတယ်။

မြန်မာအသင်းဟာပွဲစကတည်းကဖိအားပေးကစားခဲ့ပြီး၂မိနစ်မှာကတည်းကဦးဆောင်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ဦးဆောင်ဂိုးရရှိခဲ့တဲ့မြန်မာအသင်းဟာနောက်ဂိုးတွေရဖို့ကြိုးစားခဲ့ပေမယ့်မကာအိုအသင်းကလည်းခံစစ်ပိတ်ကစားခဲ့တာကြောင့်ဂိုးရဖို့ခက်ခဲနေပါတယ်။မြန်မာအသင်းဟာဆက်လက်ဖိအားပေးရင်းနဲ့ဦးဆောင်ဂိုးထပ်ရခဲ့ပြီးပထမပိုင်းအပြီးမှာ(၂-ဝ)ဆိုတဲ့ရလဒ်နဲ့ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းပွဲအစမှာလည်းမြန်မာအသင်းကပဲဦးဆောင်ဂိုး(၂-ဝ)ရခဲ့ပြီးပွဲပြီးဆုံးသွားခဲ့ပါတယ်။၂ပွဲကစားပြီးအချိန်မှာတော့ဂျပန်အသင်းကဂိုးကွာခြားချက်အသာနဲ့ထိပ်ဆုံးမှာဦးဆောင်နေတာပါ။အုပ်စုတက်ဖို့နောက်ဆုံးပွဲစဉ်အဖြစ်မြန်မာအသင်းဟာဂျပန်အသင်းနဲ့ကစားရမှာဖြစ်ပြီးသရေရခဲ့ပါကအုပ်စုနက်ဖို့မျှော်လင့်ချက်တွေပိုမိုရှင်သန်လာတော့မှာပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။