ပရိသတ်တွေရဲ့ အသည်းစွဲ အချစ်တော်လေးတစ်ဦးဖြစ်တဲ့ သရုပ်ဆောင်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ သွန်းဆက်ကို သိကြမယ်ထင်ပါတယ်နော်။ တစ်ခေတ်တစ်ခါမြန်မာဗီဒီယိုလောကရဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပြီးအခုအချိန်ထိ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုလက်ခံပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အများဆုံးပါဝင်ရိုက်ကူးထားတာဖြစ်ပြီး၊ photo shotting တွေ၊ ပွဲလမ်းသဘင်တွေမှာလည်း သူမရဲ့ အလှပုံရိပ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး၊ အလှူသဒ္ဓါတရားထက်သန်သူလည်းဖြစ်ပါတယ်။ ခေတ်ဆန်ဆန် အတိုအပြတ်တွေဝင်စားဆင်ယင်တက်ပင်မဲ့ ဘုရားသွားကျောင်းတက်တဲ့အခါမှာတော့ မြန်မာဝတ်စုံလေးနဲ့ ရိုးရိုးယဉ်ယဉ်လှနေသူလည်းဖြစ်ပါတယ်။

သွန်းဆက်ဟာပရိသတ်ကြီး နဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း ၂၀၁၈ ခုနှစ် အကယ်ဒမီဆုပေးပွဲသို့တက်ရောက်ခဲ့တာဖြစ်ပြီး "၂၀၁၉ အကယ်ဒမီပွဲတက် ဒီနှစ်တော့ ကျော့ကျော့ရှင်းရှင်းလေးနဲ့ မခို့တရို့ ရိုးရိုးယဉ်ယဉ်လေးပါ" ဆိုတဲ့ status လေးနဲ့တကွ အလှပုံရိပ်လေးတွေကို သူမရဲ့ official facebook acc တွင်ထုတ်ဖော်တင်ဆက်ပြသထားတာဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Thun Sett

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။