Selena Gomez ကိုပရိသတ်ကြီးအနေနဲ့ အရမ်းကိုချစ်မယ် အရမ်းကိုအားပေးမယ်လို့ထင်ပါတယ်။ သူမဟာဆိုရင်လဲ ပြီးခဲ့တဲ့အပတ်အနည်းငယ်တုန်းကမှ သူမရဲ့သီချင်းသစ်ကိုပြန်လည်ထွက်ရှိထားတာဖြစ်ပါတယ်။ အရင်အရင်လတွေမှာ သူမဟာ ကျောက်ကပ်အစားထိုးမှုတွေနဲ့ သူမရဲ့ Ex ဖြစ်သူ JB ဖြတ်သွားတဲ့ကိစ္စတွေနဲ့ စိတ်ကိုမနည်းအားပြန်တင်ထားရခဲ့တဲ့ သူတစ်ယောက်ဆိုရင်လမမှားပါဘူး။ ဘာပြဲဖစ်ဖြစ်ခုချိန်မှာ သူမဟာ ပြုံးပျော်ရွှင်နေပြီပဲဖြစ်ပါတယ်။ 

သူမရဲ့သူငယ်ချင်း အသိမိတ်ဆွေတွေရဲ့အကူအညီတွေကြောင့် အခုလိုပြန်လဲပြုံးပျော်ရွှင်လာတာပဲဖြစ်ပါတယ်။ အာ့တွေကြောင့်လဲ သူမဟာ သူငယ်ချင်းဖြစ်သူတွေကို အချိန်ပေးလေ့ရှိတာကိုတွေ့ရှိရတာပဲဖြစ်ပါတယ်။ အခုဆိုရင်လဲ သူမရဲ့သူငယ်ချင်းဖြစ်သူ Raquelle Stevens ရဲ့မွေးနေ့မှာ ပျော်ရွှင်စွာ ဝင်ရောက်ဆင်နွှဲခဲ့ပါတယ်။ အသက်၂၆နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်မလေး Selena ဟာမိန်းကလေးသူငယ်ချင်းတွေနဲ့အတူ သူမရဲ့ သူငယ်ချင်းမွေးနေ့ကို ပျော်ရွှင်စွာ ဖြန်သန်းခဲ့ပါတယ်။ 

သူမရဲ့သူငယ်ချင်းတွေဖြစ်တဲ့ Ashley Cook ; Zahra Ayub ; Caroline Franklin ; Simi နဲ့ Haze Khadra တို့နဲ့အတူ Stevens မွေးနေ့ကို ပျော်ရွှင်စွာဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ အခုလို သူမပျော်ရွှင်နေတာကိုကြည့်ပြီး ပရိသတ်ကြီးလဲ အားရကျေနပ်ပီတိဖြစ်မယ်လို့ ထင်မိပါတယ်။ သူမရ့ဲနောက်ထပ်ထွက်ရှိလာမဲ့သီချင်းတွေကိုလဲ ပရိသတ်ကြီးအနေနဲ့ စောင့်မျှော်နားဆင်ခံစားအုန်းမယ်လို့ထင်ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။