Zayn Malik ဟာဆုိရင် One Direction အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ခုချိန်မှာတော့ အဖွဲ့ကထွက်ပြီးတစ်ယောက်ထဲ သီချင်းတွေကိုဆိုနေတဲ့ ကမ္ဘာကျော်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့တစ်ယောက်ထဲထွက်ရှိလာတဲ့သီချင်းတွေဟာဆိုရင်လဲ ပရိသတ်တွေအကြိုက်တွေ့စေမှာဖြစ်ပါတယ်။ သူကိုကြိုက်ကြတဲ့သူတွေထဲမှာ မိန်းကလေးတွေများမယ်လို့လဲ ထင်ပါတယ်။ သူဟာခုချိန်မှာတော့ ကိစ္စတစ်ခုကို တောင်းပန်ခဲ့ပါတယ်။ 

ဘာလို့လဲဆိုတေ့ာ သူဟာတကယ်ကိုအသုံးမကျတဲ့လူတစ်ယောက်ဖြစ်နေတဲ့အတွက်တောင်းပန်ခဲ့တာဖြစ်ပါတယ်။ အသက်၂၆နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် Zaynဟာဆိုရင် စနေနေ့က Twitter ပေါ်မှာ ခုလိုမျိုးအသုံးမကျတဲ့လူတစ်ယောက်ဖြစ်နေတဲ့အတွက် တောင်းပန်ပါတယ်ဆိုတဲ့ အဓိပ္ပာယ်စာကြောင်းကိုတင်ခဲ့ပါတယ်။ သူအဲ့စာကိုမတင်ခဲ့မှာ 1D အဖွဲ့ဝင်ဖြစ်သူ သူ့သူငယ်ချင်း Louis Tomlinson က Zayn အဖွဲ့ကနေ ၂၀၁၅ခုနှစ်တုန်းက ထွက်သွားကတည်းက သူငယ်ချင်းဆက်ဆံရေးဟာ သိပ်မရှိတော့ဘူးလို့ ပြောပြခဲ့ပါတယ်။ Zayn တစ်ယောက်ဘာဖြစ်သွားတာလဲမသိဘူးနော်......။ 

Louis ကဆက်လက်ပြီး " ကျွန်တော်အမေ့ဆုံးတုန်းက သူဆိဖုန်းဆက်ပါသေးတယ်....ပြီးတော့ အဖွဲ့ဝင်အကုန်လုံးက ဖျော်ဖြေဖို့သဘောတူကာ လာရောက်ခဲ့ပေမဲ့ သူမလာခဲ့ပါဘူး " ဆိုပြီးစိတ်မကောင်းစွာ ၂၀၁၆ခုနှစ်တုန်းကဖျော်ဖြေပွဲကိစ္စကိုပြောပြခဲ့ပါတယ်။ Louis နဲ့ Zayn တို့ရဲ့သူငယ်ချင်းဆက်ဆံရေးတွေကအဆင်မပြေတော့ လူတွေမျှော်မှန်းထားကြတဲ့ 1D အဖွဲ့ပြန်ပေါင်းဖို့ဆိုတာလဲ မဖြစ်နိုင်တော့ဘူး ထင်မိပါတယ်။ Zayn ကတော့ခုချိန်မှာ သူ့သီချင်းသစ်တွေအတွက်ကိုပဲ အာရုံစိုက်နေပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။