ပရိသတ်တွေအားကျချစ်ခင်ရပြီး သာယာပျော်ရွှင်တဲ့အချစ်ရေးလေးကိုပိုင်ဆိုင်ထားတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးတွေထဲမှာ မင်းသားချောလေးကောင်းပြည့်နဲ့ မင်းသမီးချောလေးသန္တာဗိုလ်တို့ စုံတွဲလေးကတော့ မပါမဖြစ်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တော်စုံတွဲလေးဖြစ်တဲ့ ကောင်းပြည့်နဲ့သန္တာဗိုလ်တို့ကတော့ အနပညာလောကမှာနာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်သူတွေပဲဖြစ်ကြပါတယ်။ 

ယနေ့မှာတော့ သန္တာဗိုလ်တစ်ယောက် ကိုနေတိုးရဲ့ ကြော်ငြာလေးမှာ ကတာကြည့်ပြီး သဘောကျလို့ Mi Mi Challenge လုပ်လိုက်ကာအလန်းစားကပြလိုက်ပါတယ်။ ကောင်းပြည့်ကလဲ ချစ်သူသန္တာဗိုလ်ရဲ့ Mi Mi Challenge ကို ပြန်လည်လက်ခံလိုက်ပြီး အလန်းစားကပြလိုက်တာပဲဖြစ်ပါတယ်။ 

" ကဲ ချစ်သူရဲ့mi mi challenge ကိုလက်ခံလိုက်ပီဗျာသူငယ်ချင်းတွေ နဲ့ပရိတ်သတ်တွေလည်း ပါသင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။ ဘာလို့လည်းဆိုတော့ ပထမဆု သိန်း ၁၀၀၊ ဒုတိယဆု သိန်း ၅၀ နဲ့ တတိယဆု ၁၀ သိန်း ရမှာပါ။ပါဝင်ချင်တယ်ဆိုရင်တော့ အခုလိုဗီဒီယို (သို့)tiktok ဗီဒီယိုနဲ့ပဲရိုက်ရိုက် ကိုယ်ပိုင်ဖန်တီးမှုနဲ့အတူ Facebook မှာ #MytelMiMiChallenge MytelMiMiChampions နဲ့ Public မှာပိုစ့်တင်ရမှာဖြစ်ပါတယ်။ ဒါနဲ့ challenge ကတော့ ဧပြီလ ၅ ရက်နေ့ အထိပဲနော်အသေးစိတ်သိချင်ရင်တော့ Mytel Facebook Page မှာဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ အားလုံးကံကောင်းပါစေဗျာမကတက်တော့ သည်းခံပါဗျာဒီလိုကဖို့ ကျွန်တော့်ညီ Lin Aung Khit ကို challenge ခေါ်ပါတယ် ဟေ့ကောင်ရေ " ဆိုပြီး ရေးသားထားပါတယ်။

source: ကောင်းပြည့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။