ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကတော့ လက်ရှိအချိန်မှာ ရာထူးကနေဖြုတ်ချခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဒါဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ထရီဆာမေရဲ့ အီးယူကနေခွဲထွက်ရေး ဘရက်ဇစ် မဟာဗျူဟာနဲ့ လွှတ်တော်အမတ်တွေရဲ့ သဘောထားကွဲလွဲနေမှုကနေ စက်ဆပ်ပြီးဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။

ဗြိတိန်လွတ်တော်အမတ် အများစုဟာဆိုရင်လည်း ထရီဆာမေရဲ့ ဘရက်ဇစ် သဘောတူညီချက်ကို နှစ်ကြိမ်တိုင်တိုင် ပယ်ချခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာဆိုရင်လည်း အမည်မဖော်လိုတဲ့ အကြီးတန်းဝန်ကြီး ၁၁ ဦးက ထရီဆာမေကို ရာထူးကနေဖြုတ်ချဖို့ သဘောတူညီခဲ့ကြပြီဖြစ်တယ်လို့ သိရပါတယ်။

အကယ်၍ ဝန်ကြီးချုပ်ထရီဆာမေသာ ရာထူးကနေ ဖြုတ်ချခံခဲ့ရမယ်ဆိုရင် ဗြိတိန်နိုင်ငံအနေနဲ့ အီးယူကနေ နှုတ်ထွက်မယ့် ကိစ္စမှာ မထင်ထားတဲ့ အခြေအနေတွေရဲ့ ကြုံတွေ့ရနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

source - dvb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။