အာရှယူ၂၃ခြေစစ်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ကစားနေတဲ့မြန်မာအသင်းဟာနက်ဖြန်မှာတော့ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်တွေကိုယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။မြန်မာအသင်းဟာနောက်ဆုံးပွဲစဉ်အဖြစ်အာရှထိပ်သီးဂျပန်အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဂျပန်အသင်းဟာအုပ်စုပွဲစဉ်တွေမှာနှစ်ပွဲကစားပြီး၆မှတ်ဂိုးကွာခြားချက်နဲ့အုပ်စုပထမနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

မြန်မာအသင်းဟာခြေစစ်ပွဲအောင်ဖို့ဆို ဂျပန်အသင်းကိုသရေကစားနိုင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ဂျပန်အသင်းကလည်းအာရှထိပ်သီးအသင်းပီပီမြန်မာအသင်းအတွက်တော့ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ဂျပန် ယူ-၂၃ အသင်းအတွက်ထူးခြားချက်တွေကတော့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစစ်ပွဲစဉ်နှစ်ပွဲမှာ သွင်းဂိုး အများဆုံး သွင်းယူပေးထားတဲ့ ကစားသမားကတော့ ကျောနံပါတ်(၉) Ayase Ueda ဖြစ်ပါတယ်။ သူဟာ ဂျပန်ယူ-၂၃ အသင်း ကစားခဲ့တဲ့ ပွဲစဉ်နှစ်ပွဲစလုံးမှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခဲ့သူမဟုတ်ပဲ ဒုတိယပိုင်း ရောက်မှ လူစားဝင် ကစားသမား အဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ဒါကြောင့်မြန်မာအသင်းအတွက်တော့စောင့်ကြည့်ရမယ့်အဓိကသူပဲဖြစ်ပါတယ်။

ဂျပန် ယူ-၂၃ အသင်းဟာ ပွဲစဉ်နှစ်ပွဲရဲ့ ပွဲထွက်လူစာရင်းမှာ ၁၀ ဦးအထိ အပြောင်းအလဲလုပ်ခဲ့ပြီး ကစားသမားအားလုံးက ခြေစွမ်းပြသနိုင်ခဲ့ကြတာကြောင့် ကစားသမားအားလုံးက စောင့်ကြည့်ရမယ့် ကစားသမားတွေအဖြစ် ရှိနေပါတယ်။ ဒီအထဲကမှာ အန္တရယ် အရှိဆုံး ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။Daizen Maeda (ကျောနံပတ် ၇)၊KYOSUKE TAGAWA (ကျောနံပါတ် ၁၈)၊KEITA ENDO (ကျောနံပတ် ၁၁)သူတို့တွေကတော့မြန်မာအသင်းသတိထားရမယ့်ကစားသမားတွေဖြစ်ပါတယ်။မြန်မာအသင်းအုပ်စုတက်ဖို့နောက်ဆုံးပွဲစဉ်ကိုလည်းပရိသတ်တွေအားပေးကြပါဦးနော်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။