ဘောလုံးအားကစားနည်းကတော့ လူငယ်လူရွယ်မရွေးကစားနေကြတဲ့ကစားနည်းတစ်ခုဖြစ်ပါတယ်။ဘောလုံးအားကစားနည်းဟာပျော်ရွှင်မှုတွေအပြင်လူချင်းပိုခင်မှုတွေပေးနိုင်တာဖြစ်ပါတယ်။ကမ္ဘာတစ်ဝှမ်းလုံးမှာလည်းဘောလုံးအားကစားနည်းဟာပရိသတ်တွေအားပေးမှုအများဆုံးပဲဖြစ်ပါတယ်။ဒါကြောင့်ဘောလုံးပွဲတိုင်းကိုကမ္ဘာအရပ်ရပ်မှာကျင်းပနေတာဖြစ်ပါတယ်။

သက်တမ်းလိုက်ပြိုင်ပွဲတွေကိုလည်းကမ္ဘာအနှံ့မှာကျင်းပနေတာဖြစ်ပြီးငယ်ရွယ်ချိန်မှာကတည်းကအောင်မြင်တဲ့သူတွေကတော့ကမ္ဘာထိပ်သီးကလပ်တွေမှာကစားနေဖို့အခွင့်အရေးလည်းရှိနေတာဖြစ်ပါတယ်။ကမ္ဘာထိပ်သီးအသင်းတွေကလည်းလူငယ်အကယ်ဒမီတွေဖွင့်လှစ်ပြီးအသင်းအတွက်လူငယ်ကစားသမားတွေကိုမွေးထုတ်ပေးနေကြတာဖြစ်ပါတယ်။

သူတို့ရဲ့လူငယ်အသင်းတွေကိုလည်းပြိုင်ပွဲတွေကျင်းပပြုလုပ်ပေးကြတာဖြစ်ပါတယ်။ခုမှာတော့စပိန်ထိပ်သီးကလပ်တွေဖြစ်တဲ့ရီးရဲမက်ဒရစ်အကယ်ဒမီအသင်းနဲ့ဘာစီလိုနာအကယ်ဒမီအသင်းတို့ရဲ့ခြေစမ်းပွဲပဲဖြစ်ပါတယ်။အဆိုပါပွဲစဉ်မှာတော့ဘာစီလိုနာအကယ်ဒမီအသင်းက(၆-ဝ)နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အသက်ငယ်ငယ်လေးတွေဆိုပေမယ့်သူတို့ရဲ့ခြေစွမ်းတွေကတော့တစ်ချိန်မှာအားကိုးရလောက်တဲ့ခြေစွမ်းတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်းသူတို့အကယ်ဒမီကလေးလေးတွေရဲ့ခြေစွမ်းvideoလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Bleacher Report Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။