အသက်၃၀အရွယ်ရှိပြီးအိုင်ယာလန်နိုင်ငံသားဖြစ်တဲ့ MMAဖိုက်တာ အားကစားသမားမက်ဂရီဂေါ် ဟာ UFC ဖယ်သာဝိတ်နှင့် လိုက်ဝိတ်တန်းချန်ပီယံဟောင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာတွင်ကျင်းပသည့် UFC 205 ပြိုင်ပွဲ ၌ လိုက်ဝိတ်ချန်ပီယံခါးပတ်ရရှိပြီးနောက်ပိုင်း UFC ပြိုင်ပွဲများနှင့် နှစ်နှစ်နီးပါးဝေးကွာနေသူဖြစ်သည်။ 

ယနေ့မှာတော့ မက်ဂရီဂေါ်ဟာ MMAဖိုက်တာ အားကစားသမားဘဝက ရုတ်တရက် အနားယူသွားခဲ့ပြီဖြစ်ပါတယ်။ MMAဖိုက်တာရဲ့ အထင်ရှားဆုံးဖြစ်သလို အားကစားလောကရဲ့ ဝင်ငွေအကောင်းဆုံး ကစားသမားစရင်းမှာ ပါဝင်ခဲ့တဲ့ မက်ဂရီဂေါ်ဟာ အခုလို အနားယူသွားတာကြောင့် ပရိသတ်တွေ အံသြခဲ့ရပါတယ်။  

မက်ဂရီဂေါ်ရဲ့ အဓိက ပြိုင်ဖက်ကတော့ မေဝယ်သာနဲ့ UFC ချန်ပီယံကြီး ခါဘစ်တို့ပဲဖြစ်ကြပါတယ်။ မက်ဂရီဂေါ်ဟာ ကစားသမားဘဝစုစုပေါင်း ၂၉ပွဲ ထိုးသတ်ခဲ့ပြီး ၂၅ပွဲအနိုင်ရ၄ပွဲရှုံးနိမ့်ခဲ့တဲ့မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ မက်ဂရီဂေါ်ရဲ့ စင်ပေါ်မှာ ပွဲကြမ်းခဲ့တဲ့ ဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်။

SOURCE: DAILY MAIL 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။