ပိုလန်ကုန်းမြင့် ဒေသကတော့ လွန်ခဲ့တဲ့ ၁၉၆၇ ခုနှစ်လောက်က ဆီးရီးယားဆီကနေ အစ္စရေးသိမ်းပိုင်ထားတဲ့ နယ်မြေတစ်ခုပဲဖြစ်ပါတယ်။

၎င်းနယ်မြေကိုတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အစ္စရေးရဲ့ အချုပ်အခြာပိုင်နက်အဖြစ် အသိအမှတ်ပြုကြောင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ထရမ့်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာ အသိအမှတ်ပြုကြောင့် အမိန့်ဒီဂရီကိုပါ လတ်မှတ်ရေးထိုးခဲ့ပါတယ်။

၎င်းလတ်မှတ်ကိုတော့ ထရမ့်ဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ပြုလုပ်တဲ့ အစည်းအဝေးအတွင်း ထိုးပေးခဲ့တာလည်းဖြစ်ပါတယ်။

ထရမ့်ရဲ့ ၎င်းအသိမှတ်ပြု လက်မှတ်ကတော့ အစ္စရေးဝန်းကြီးချုပ်နေတန်ယာဟုကို လာမယ့် ဧပြီလ ၉ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေထက် နှာတဖျားသာဖို့ အခွင့်အရေးပေးသလိုဖြစ်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင်ထရမ့်ဟာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ အစ္စရေးရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်အတွက် ဆင်ခြင်ထောက်ထားရလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်လို့ သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။