မကြာခင်အချိန်ပိုင်းအတွင်းမှာတော့မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့အာရှယူ၂၃ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်တွေကိုတော့ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာတော့ပရိသတ်တွေစိတ်အဝင်စားဆုံးဖြစ်တဲ့မြန်မာအသင်းနဲ့ဂျပန်အသင်းတို့ကလည်းခြေစစ်ပွဲအောင်ဖို့နောက်ဆုံးမိနစ်တွေအထိရေကုန်ရေခန်းယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။

အာရှပြိုင်ပွဲတွေနဲ့ဝေးကွာနေတဲ့မြန်မာအသင်းအတွက်တော့ဒီပြိုင်ပွဲဟာအရေးကြီးဆုံးဖြစ်တာကြောင့်ဒီနေ့ဟာအရေးကြီးဆုံးပွဲတစ်ပွဲဖြစ်လာတော့မှာပါ။ဂျပန်အသင်းကလည်းအာရှထိပ်သီးအင်အားကြီးအသင်းဖြစ်တာကြောင့်မြန်မာအသင်းအနေနဲ့ခက်ခက်ခဲခဲကစားရတော့မှာပါ။ခြေစစ်ပွဲအောင်ဖို့ဆိုအနည်းဆုံးမဖြစ်နေသရေကစားရမှာကြောင့်နည်းပြရဲ့စွမ်းဆောင်မှုတွေကိုလည်းပရိသတ်တွေစိတ်ဝင်စားနေတာပါ။

နှစ်သင်းလုံးကတော့ကစားပြီးခဲ့တဲ့ပွဲစဉ်၂ပွဲမှာလည်းအကောင်းဆုံးသွင်းဂိုးတွေနဲအနိုင်ယူထားကြတာဖြစ်ပါတယ်။မြန်မာပြည့်သူပြည်သားတွေရဲ့မျှော်လင့်ချက်ကြီးဖြစ်တဲ့အာရှပြိုင်ပွဲကြီးကလည်းပွဲချိန်နီးလာတာနဲ့ပိုရင်ခုန်စရာကောင်းလာပါတယ်။ပရိသတ်တွေလည်းခြေစစ်ပွဲအောင်ဖို့အဆုံးအဖြတ်ဖြစ်တဲ့ ဂျပန်အသင်းနဲ့မြန်မာအသင်းတို့ပွဲစဉ်ကိုလည်းအားကြိုးမာန်တက်နဲ့ကြည့်ရှူဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။