မြန်မာဘောလုံးသမိုင်းမှာအအောင်မြင်ဆုံးဖြစ်ခဲ့တဲ့အမှတ်တရအချိန်လေးကတော့ဘယ်တော့မှပရိတ်သတ်တွေမေ့မရနိုင်တဲ့အမှတ်တရနေ့လေးကိုတော့ပရိတ်သတ်ကြီးသိကြမှာပါ။တစ်နိုင်လုံးရဲ့မျှော်လင့်ချက်အိမ်မက်တွေကိုမြန်မာယူ၂၀ဘောလုံးအသင်းကဖန်တီးပေးခဲ့တာပါ။အာရှအင်အားကြီးအသင်းဖြစ်တဲ့UAEအသင်းကိုသန်းပိုင်ရဲ့သွင်းဂိုးတစ်ဂိုးနဲ့ယူ၂၀ကမ္ဘာဖလားဝင်ခွင့်ရခဲ့တာပါ။

ရှေ့ပွဲစဉ်တွေမှာတော့နိုင်ပွဲတွေရခဲ့ပေမယ့်ပရိသတ်တွေကဒီလောက်ထိမမျှော်မှန်းထားခဲ့ကြပါဘူး။အုပ်စုကနေတက်သွားတဲ့အချိန်မှာတော့ပရိသတ်တွေပိုပြီးစိတ်ဝင်စားအားပေးလာကြတာဖြစ်ပါတယ်။အဲ့တုန်းကပုံရိပ်တွေကိုတော့ပရိသတ်တွေဘယ်တော့မှမေ့နိုင်မယ်မထင်ပါဘူး။တစ်နိုင်လုံးကပရိသတ်တွေအပြင်ကမ္ဘာအရပ်ရပ်ကမြန်မာလူမျိုးတွေတောင်ပျော်ရွှင်မျက်ရည်ကျမိခဲ့ကြတာဖြစ်ပါတယ်။

ကမ္ဘာဖလားဝင်ခွင့်အတွက်အဆုံးအဖြတ်ပေးမယ့်ကွာတားဖိုင်နယ်မှာတော့ကွင်းလုံးပြည့်အားပေးခဲ့ကြတဲ့ပရိသတ်တွေရဲ့အသံတွေကကစားသမားတွေအတွက်ခွန်အားတွေဖြစ်ခဲ့ပါတယ်။နောက်ဆုံးမိနစ်အထိရင်ထိပ်စွာအားပေးခဲ့ကြပြီးပွဲအပြီးမှာတော့ပရိသတ်တွေလိုချင်နေတဲ့ပျော်ရွှင်မှုမျိုးကိုပေးနိုင်ခဲ့ပါတယ်။မြန်မာ့ဘောလုံးသမိုင်းမှာအအောင်မြင်ဆုံးလို့ပြောရမယ့်သမိုင်းဝင်အောင်မြင်မှုတွေကိုလည်းပရိသတ်တွေအတွက်ပြန်တင်ဆက်ပေးလိုက်ကပြီးအားပေးကြပါဦးနော်။

SOURCE:AFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။