မင်းရာဇာကတော့ ပရိသတ်တွေရဲ့တခဲနက်အားပေးမှုကိုရရှိနေတဲ့ စွယ်စုံရအနပညာရှင်တစ်ယောက်ဖြစ်ပြီး နယ်ပရိသတ်တွေတခဲနက်အားပေးခဲ့ရတဲ့ အနပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ပြည်သူတွေ့ရဲ့ ဘဝကိုအဓိကပုံဖော်တဲ့ ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲကိုရောက်ရှိလာတဲ့မင်းရာဇာကတော့ အနပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်တဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

မင်းရာဇာကတော့ ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဇနီးချောလေးနဲ့အတူ တည်ဆောက်ထားနိုင်သူလေးပဲဖြစ်ပါတယ်။ မင်းရာဇာကတော့ ချစ်စရာကောင်းလွန်းလှတဲ့ သမီးလေးကို ပိုင်ဆိုင်ထားခဲ့ပါတယ်။မကြာခင်ကတော့ မင်းရာဇာတို့ မိသားစုလေးထဲကို ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်။ 

ယနေ့မှာတော့မင်းရာဇာတစ်ယောက်၇၄ကြိမ်းမြောက် မြန်မာ့တပ်မတော် နေ့အခမ်းအနားမှာ ဂုဏ်ပြုဆုရရှိခဲ့ပါတယ်။ မင်းရာဇာကတော့ " ( 74 ) နှစ်မြောက်မြန်မာ့တပ်မတော်နေ့ အခမ်းအနားတွင် ဂုဏ်ပြုဆုရရှိရန်အတွက် အခွင့်အရေးပေးခဲ့သော နာရီတစ်ရာ့တစ်ဆယ်ရဲ့ခေါင်းဆောင် ဗိုလ်မှုး တင်အောင်စိုးနှင့်ဆုချီးမြှင့်ပေးခဲ့သောအရာရှိကြီးများ၊ နာရီတစ်ရာ့တစ်ဆယ်အဖွဲ့သားများနှင့်အနုပညာညီအကိုမောင်နှမများ၊ ရေတပ်ပင်မ ရေငုပ်နှင့်ဆယ်ယူရေးတပ်က အရာရှိကြီးများ၊ သူငယ်ချင်းများအားလုံးကို အထူးကျေးဇူးတင်ပါသည်။ အခွင့်ရေးလေးပေးရင် ဒိထက်ပိုကြိုးစားချင်ပါသည်။" ဆိုပြီးရေးသားထားပါတယ်။

source:မင်းရာဇာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။