အာရှယူ၂၃ခြေစစ်ပွဲတွေထဲကအုပ်စုပွဲတချို့ကိုတော့မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပခဲ့ပါတယ်။ဒီပြိုင်ပွဲမှာတော့မြန်မာအသင်းအပြင်ဂျပန်၊တီမော၊မကာအိုအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပါတယ်။

မြန်မာအသင်းဟာအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ဂျပန်အသင်းနဲ့ကစားခဲ့ပြီးဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။မြန်မာအသင်းဟာသရေကျရုံမဟုတ်ရင်ဂိုးပြတ်မရှုံးနိမ့်ရင်တောင်အုပ်စုတက်နိုင်မှာဖြစ်ပေမယ့်ဂိုးပြတ်ရှုံးပြီးအုပ်စုကထွက်ခဲ့ရပါတယ်။အကောင်းဆုံးအုပ်စုဒုတိယနဲ့ခြေစစ်ပွဲအောင်နိုင်ဖို့ကြိုးစားပေမယ့်ဂျပန်အသင်းကိုဘယ်လိုမှယှဉ်မစားနိုင်ခဲ့တာပါ။

မြန်မာအသင်းဟာ၂ပွဲနိုင်ခဲ့ပေမယ့်ဂျပန်အသင်းကိုဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့်ခြေစစ်ပွဲမအောင်မြင်ခဲ့ပါဘူး။နည်းပြချုပ်ရဲ့ဒုတိယမြောက်နိုင်ငံတစ်ကာပွဲစဉ်ဖြစ်တာကြောင့်ပရိသတ်တွေလည်းခုရလဒ်ကိုစိတ်ဝင်စားနေပြီးဘယ်လိုအဖွဲ့ချုပ်ဆုံးဖြတ်မလဲဆိုတာစောင့်ကြည့်ရမှာပါ။ခုယူ၂၃အသင်းဟာဆီးဂိမ်းပြိုင်ပွဲအတွက်ရည်ရွယ်ထားတာဖြစ်ပေမယ့်ဘယ်လိုတွေပရိသတ်ယုံကြည်အောင်စွမ်းဆောင်မလဲဆိုတာတော့စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

source - MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။