မနေ့က မတ်လ ၂၇ ရက်နေ့မှာတော့ အိန္ဒိယအစိုးရဟာ ဂြိုလ်တုဖျက်ဒုံးကျည်တစ်ခုကို အသုံးပြုခဲ့တယ်လို့သိရပါတယ်။

အိန္ဒိယကတော့ ၎င်းဒုံးကျည်ကို အသုံးပြုပြီး အာကာသထဲက ဂြိုလ်တုတစ်ခုကို ပစ်ချခဲ့တာပဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာ မိုဒီကတော့ “အာကာသထဲ ကမ္ဘာပတ်လမ်းကြောင်းနိမ့်ထဲမှာရှိတဲ့ ကီလိုမီတာ ၃၀၀ ကျော်ဝေးတဲ့ ဂြိုဟ်တုတလုံးကို ကျနော်တို့ရဲ့ သိပ္ပံပညာရှင်တွေက ပစ်ချခဲ့တယ်။ ဒါဟာ သမိုင်းဝင် စွမ်းဆောင်မှုပဲ “ လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၎င်းဝန်ကြီးချုပ်ဟာ အရင်က ကမ္ဘာပေါ်မှာ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့သာ ဒီလိုစွမ်းဆောင်နိုင်မှု ရှိခဲ့တယ်၊ ခုတော့ အိန္ဒိယဟာ ဒီလိုစွမ်းဆောင်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံဖြစ်လာခဲ့ပါပြီ ၊ သိုပေမယ့် အိန္ဒိယရဲ့ စွမ်းဆောင်ရည်အသစ်ဟာ ဘယ်သူ့ကိုမှ အန္တရာယ်ပြုဖို့ မဟုတ်ဘူး၊ ကာကွယ်ရေးအတွက်ပဲလို့ ကမ္ဘာ့လူ့အဖွဲ့အစည်းကို အာမခံပြောကြားခဲ့သေးတယ်လို့သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။