ဂျူဗင်တပ်အသင်းရဲ့အဓိကတိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ရော်နယ်ဒိုကတော့ပြီးခဲ့တဲ့နိုင်ငံအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာဒဏ်ရာရခဲ့လို့ပရိသတ်တွေစိုးရိမ်နေရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ကယှဉ်ပြိုင်ခဲ့ကြတဲ့ယူရိုခြေစစ်ပွဲတွေမှာပေါ်တူဂီနဲ့ဆားဘီးယားတို့ပွဲစဉ်မှာဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဂျဗင်တပ်အသင်းဟားရော်နယ်ဒိုမပါတဲ့ပွဲတွေမှာအမြဲရုန်းကန်ရပြီးနိုင်ပွဲတစ်ပွဲရရှိဖို့ခက်ခဲတာပါ။ဂျူဗင်တပ်အသင်းဟာချန်ပီယံလိဒ်ပြိုင်ပွဲမှာလည်းဒီနှစ်မှာခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားတဲ့အေဂျက်ဇ်အသင်းနဲ့ကွာတားဖိုင်နယ်ကန်ရဖို့ရှိတာကြောင့်ပရိသတ်တွေကဒီပြိုင်ပွဲမတိုင်ခင်ပြန်ကောင်းလာဖို့မျှော်လင့်နေတာဖြစ်ပါတယ်။

ရော်နယ်ဒိုကလည်းအမြန်ပြန်ကောင်းလာဖို့မျှော်လင့်နေတာဖြစ်ပါတယ်။ရော်နယ်ဒိုဟာချန်ပီယံလိဒ်မှာကစားခွင့်ရဖို့ဆိုစီးရီးအေပွဲစဉ်တစ်ချို့ကိုလွဲချော်ရဖို့ရှိနေတာဖြစ်ပါတယ်။ပရိသတ်တွေစိတ်ဝင်စားနေတဲ့ရော်နယ်ဒိုဒဏ်ရာချန်ပီယံလိဒ်မတိုင်ခင်ပြန်ကောင်းလာနိုင်မလားမပါနိုင်မလားဆိုတာကတော့စောင့်မျှော်ရင်းနဲ့အားပေးကြရအောင်နော်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။