မန်ချက်စတာယူနိုက်တက်အသင်းကတော့သူတို့ရဲ့ယာယီနည်းပြဆိုးရှားကိုတရားဝင်နည်းပြချုပ်အဖြစ်ဒီနေ့မှာခန့်အပ်လိုက်တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာဆိုးရှားကိုတော့၃နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းရဲ့ပရိသတ်တွေကတော့နည်းပြဆိုးရှားကိုလှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပါတယ်။

ဆိုးရှားကတော့မန်ယူအသင်းကိုယာယီနည်းပြအဖြစ်ကိုင်တွယ်ခဲ့တဲ့အချိန်တည်းကမန်ယူအသင်းကိုရလဒ်ကောင်းတွေရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့နည်းပြကောင်းတစ်ဦးဖြစ်ပါတယ်။ရလဒ်တွေဆိုးရွားနေတဲ့မန်ယူအသင်းကိုနိုင်ပွဲတွေပြန်လည်ရယူနိုင်ပြီးအသင်းရဲ့ပရိသတ်တွေကိုပျော်ရွှင်မှုတွေပေးနိုင်တဲ့နည်းပြကောင်းတစ်ဦးဖြစ်ပါတယ်။

မန်ယူအသင်းကိုလည်းချန်ပီယံလိဒ်ပြိုင်ပွဲမှာPSGအသင်းကိုအနိုင်ယူပြီးကွာတားဖိုင်နယ်ကိုတက်ရောက်အောင်စွမ်းဆောင်ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ကွာတားဖိုင်နယ်မှာတော့မန်ယူအသင်းဟာစပိန်ထိပ်သီးဘာစီလိုနာအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့်ဘယ်လိုရလဒ်ကောင်းတွေရအောင်စွမ်းဆောင်ပေးနိုင်မလဲဆိုတာကတော့စိတ်ဝင်စားဖွယ်စောင့်မျှော်အားပေးကြပါဦးနော်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။