ဒီကလေးမရဲ့နာမည်ကတော့ Le Thi Xoan ဖြစ်ပြီး သူမဟာ ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ ဆယ်ကျော်သက်အရွယ်ကျောင်းသူလေး တဦးပဲဖြစ်ပါတယ်။

ဒါ့အပြင် သူမဟာ ညဘက်အိပ်တိုင်းမှာ သူမရဲ့ အိုင်ဖုန်းကို အားသွင်းကာ ဘေးနားမှာထားပြီး အမြဲအိပ်တတ်သူတဦးပဲဖြစ်ပါတယ်။

သူအသုံးပြုတဲ့ အိုင်ဖုန်းအားသွင်းကြိုးဟာ ပေါက်ပြဲနေပေမယ့် သူမကတော့ အသစ်ဝယ်ယူသုံးစွဲခဲ့ခြင်းမရှိပါဘူး။

ဒီလိုနဲ့တနေ့သူမဟာ အရင်နေ့တွေလိုပဲ အားသွင်းပြီးအိပ်တဲ့အခါမှာတော့ သူမအိမ်နေစဉ် မတော်တဆ ပေါက်ပြဲနေတဲ့ အားသွင်းကြိုးက ဝါယာတွေနဲ့ ထိမိပြီး ဓာတ်လိုက်ကာသေဆုံးသွားခဲ့ရပါတယ်။

သူမသေဆုံးနေတာကိုတော့ မိဘတွေဟာ မနက်မိုးလင်းမှသိခဲ့ရပြီး သေဆုံးနေတဲ့ သူတို့ရဲ့သမီးချောချောလေးကိုကြည့်ပြီး ယူကြုံးမရဖြစ်ခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ သူမရဲ့မိဘတွေဟာ သမီးလေးရဲ့ ဈာပနပွဲကို ကျင်းပပေးခဲ့ကြပြီး သူမရဲ့သူငယ်ချင်းတွေအပါအဝင် လူတော်တော်များများက လာရောက်ပြီး နောက်ဆုံးခရီးကိုပို့ဆောင်ပေးခဲ့ကြပါတယ်။

ဘာမှမဖြစ်လောက်ဘူးထင်ပြီး မလုပ်ဘဲထားတဲ့အရာလေးကနေ သူမရဲ့အသက်ကိုပါပေးဆပ်လိုက်ရတဲ့အထိ အဖြစ်ဆိုးကြီးနဲ့ကြုံတွေ့ခဲ့ရတဲ့ ဒီကောင်မလေးရဲ့အဖြစ်အပျက်ကတော့ အင်မတန်ကြေကွဲစရာကောင်းလှပါတယ်။

source - Viral

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။